၆၉။ တတ်​စွမ်းနိုင်​မှု (၂)

5.7K 1K 30
                                    

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage by Author Qian Shan Cha Ke

Translator - Xiao
Editor - No  Cause

၆၉။ တတ်​စွမ်းနိုင်​မှု (၂)

________


ဆောင်းဥတုက အအေးဓာတ်ပိုကဲလာသည်​နှင့်​အမျှ အနောက်မြောက်လွင်ပြင်ဒေသမှ သတင်းများလည်း မကြာမကြာ ကြားလာရ၏။ ရှန်းရှင်းသည် စစ်တပ်ကိုဦးဆောင်ကာ ရန်သူများကို ကိုယ်တိုင်ကိုယ်ကျပါဝင်တိုက်ထုတ်နိုင်​ခဲ့လေသည်။ သူ၏ ရဲရင့်သောတိုက်ခိုက်မှုနှင့်အတူ စစ်မြေပြင်တွင်လည်း ရန်သူများက သူ့အား ကြားရုံနှင့်ပင် ကြောက်ရွံလာကြ၏။ မြို့တော်နေ ပြည်​သူအများက နှစ်ကုန်ပိုင်း ရှန်းရှင်း မြို့တော် ပြန်လာသည့်အခါ ချီးကျူးဂုဏ်ပြုစရာ စွမ်းဆောင်ချက်များစွာ ပါလာလိမ့်မည်ဟု ခန်းမှန်းပြောဆိုနေကြလေသည်။

ရှန်းမိသားစု၏ ဂုဏ်သိက္ခာကြီးမားမှုက အခြားသူများကို မနာလိုအားကျစရာဖြစ်စေသည်။ သို့သော် ထိုဂုဏ်သိက္ခာကျော်​စောမှုများသည် အမှန်တကယ် ဓားလှံလက်နက် သွေးချင်းရင်းရာတို့မှ ရရှိခဲ့ခြင်းဖြစ်​သောကြောင့်​ မည်​သူမျှ စောဒက မတက်ရဲကြ။ လက်ရှိ၌ ရှောင်းနွီတို့ ဆုတ်ခွာမသွားသေးသောကြောင့် အိမ်နီးချင်းတိုင်းပြည်များ စောင့်​ကြည့်​နေခြင်းကို ကျားက သားကောင်ကို တပ်​မက်​စွာ ချောင်းမြောင်းနေဘိသို့ ခံစားနေရသည်​။ မင်းချီ တော်ဝင်မိသားစုက ရှန်းအိမ်​တော်​ကို များစွာအသုံးချပြီးပြီဆိုတော့ အနာဂတ်မှာ ထိုမျှလောက် မရိုးရှင်းနိုင်။ ယုန်ကိုမိလျင်​ အမဲလိုက်ခွေးအား သတ်​၍ချက်စားသည့်အမှုကို တော်ဝင်မိသားစုက ကျူးလွန်​နေကျဖြစ်သည်။ ရှင်ဘုရင်ပြောင်းလဲသွားလျှင် မှူးကြီးမတ်​ဝန်များကိုလည်း လဲလှယ်ပြစ်လိမ့်မည်။ အထူးသဖြင့် လက်ရှိမင်းချီတော်ဝင်မိသားစုတွင် မင်းသားကိုးပါးရှိပြီး [မည်​သူက ထီးနန်းအမွေဆက်ခံရမည်​ကို တပ်အပ်​ မပြောနိုင်​သေးပေ။] တမြည့်​မြည့်​တက်​လာသော ရေစီးအလာက မည်​သို့ရှိမည်​ကို မမှန်းဆနိုင်​။

တင်းမြို့တော်မှာ လက်တလော ဆူညံဂယက်​ရိုက်​နေသည့်​ သတင်းများကို ပြောပါဆိုလျင် ရှန်းအိမ်​တော်​က  သမီးများ အိမ်​ထောင်​အမှုပြု လက်ထပ်မည့်​အရေးကိုစိတ်ဝင်စားနေသည့် အကြောင်းပင်​ ဖြစ်သည်။ သို့သော် ဤကိစ္စသည် လျို့ဝှက်စွာပြန့်နှံ့နေပြီး မိသားစုနှစ်ခုမှ စေ့စပ်ကမ်းလှမ်းထားသည်ဟုသာသိကြ၏။ တစ်ခုမှာ ဥပဒေရေးရာဝန်ရုံးက ဒုဝန်ကြီးဝေ့မိသားစုနှင့် အခြားတစ်ခုမှာ ဘဏ္ဍာဝန်ရုံးငယ်အကြီးအကဲမိသားစုတို့ဖြစ်ကြသည်။ နှစ်​အိမ်​တော်​စလုံးသည် အဆင့်အတန်းမြင့် ဂုဏ်​သရေရှိမိသားစုများဖြစ်ကြပြီး သခင်လေးနှစ်ဦးမှာလည်း ငယ်ရွယ်သော ပါရမီရှင်များရယ်ဟု သတ်မှတ်နိုင်၍ ရှန်းမိသားစုနှင့် အမှန်ပင် ပနံသင့်​လိုက်ဖက်လေ၏။ ရှန်းယွဲ့မှာ ကွမ်ဝမ့်ထန်တွင် ဆက်လက်ပညာသင်ယူနေသောကြောင့် လူတိုင်းက ရှန်းအိမ်တော်၏ လက်ထပ်မည့်သူများမှာ ပထမအိမ်တော်၏ တိသမီးရှန်းမြောင်နှင့် ဒုတိယအိမ်တော်၏ တိသမီးရှန်းချင်းဖြစ်မည်ဟု မှန်းဆကြလေသည်။

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now