၇၄။ အပြောင်းအလဲ ဖြစ်​စေမည်​သော

6.2K 1K 38
                                    

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage by Author Qian Shan Cha Ke

Translator - No Cause

၇၄။ အပြောင်းအလဲ ဖြစ်​စေမည်​သော

________

ရှန်​ချိုးရော ရှန်​မြောင်​ မောင်​နှမနှစ်​ဦးစလုံး ​စိတ်​ထဲရှိသည့်​အတိုင်း စကား မဆိုဖြစ်​ခဲ့သည်​ပင်​ အတော်​ကြာခဲ့ပြီ။ ရှန်​ချိုးသည်​ တပ်​ထဲမှ ရဲမက်​များကို အနောက်​ဘက်​ခြံတော်​ဝန်းအား စောင့်​ကြပ်​ထားစေသဖြင့်​ မည်​သူမျှ ဝင်​လာခွင့်​ မရှိတော့လေသည်​။ အချိန်​တစ်​ရှီချန်​ဟူသည်​ ကြာရှည်​သည်​ဟု မဆိုနိုင်​။ ရှန်​မြောင်​သည်​လည်း ရှန်​ချိုး ပြောသမျှ နားထောင်​နေလိုက်​သည်​။ ရှန်​ချိုးမှာ ရှန်​မြောင်​ စိတ်​ပျော်​လာစေရန်​ ကြိုးပမ်းနေပုံရသည်​။ သူသည်​ တပ်​စခန်း၌ ကြုံတွေ့ဖူးသမျှ စိတ်​ဝင်​စားဖွယ်​များအားလုံး ပြန်​ဖောက်​သည်​ချနေခဲ့သည်​။ ပြီးတော့ ရှန်​မြောင်​ ကြုံတွေ့ခဲ့ရသမျှကိုလည်း စကားအစ်​အောင့်​ မေးစမ်းနေခဲ့သည်​။ သို့သော်​ ရှန်​မြောင်​ကတော့ စကားလမ်းကြောင်းလွှဲသည်​ချည်း။

အကြောင်းအချို့တို့ကြောင့်​ ယခုချိန်​၌ ထုတ်​ဖော်​ပြောရန်​ မသင့်​သေး။ ပြီးတော့ ယနေ့ခေတ်​ ရှန်​အိမ်​တော်​ပထမအိမ်​တော်​ခွဲ၏ အနေအထားမှာ ယခင်​ဘဝမှာကဲ့သို့ စွပ်​စွဲချောက်​ချခံထားရခြင်းမျိုး မရှိသောကြောင့်​ သူမက ပြောသည့်​တိုင်​ မည်​သူမျှ ယုံမည်​ မဟုတ်​ချေ။ ယခုအချိန်​၌ သူမက စတင်​လှုပ်​ရှားမည်​ဆိုလျင်​လည်း တစ်​ခါတည်း အမြစ်​ပြတ်​ရှင်းနိုင်​မှ ဖြစ်​မည်​။ ဓားတုံးတုံးနှင့်​ အသားနှုတ်​နှုတ်​စင်းချင်​ပါက ထိုဓားတုံးနှင့်​ အရေပြားပင်​ ပြတ်​နိုင်​ မပြတ်​နိုင်​ သေချာသိမှ ဖြစ်​ချေမည်​။

စကားခွန်း အနည်းငယ်​ ဆက်​ဆို ဖလှယ်​ကြပြီးနောက်​ ရှန်​မြောင်​ မျက်​နှာထားက နွမ်းလျလာသည်​။ ရှန်​ချိုးလည်း မိမိနှမငယ်​ကို စိုးရိမ်​လာသဖြင့်​ ချက်​ချင်း အမြန်​ မေးလိုက်​တော့၏။ "ညီမလေး နေပြန်​ကောင်းတာတောင်​ မကြာသေးဘူး၊ ကိုကိုလဲ မနှောင့်​ယှက်​တော့ဘူး... သွားနားချည်​၊ ဖေဖေ မေမေတို့က မိုးချုပ်​လောက်​မှ ပြန်​လာမှာ... အဖေတို့ ပြန်​ရောက်​တာနဲ့ ကိုကို ညီမလေးဆီ ထပ်​လာခဲ့မယ်​နော်​"

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now