၁၂၆။ သေလောက်အောင် ကြောက်စေမယ်

3.6K 579 36
                                    

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage by Author Qian Shan Cha Ke

Translator - No Cause, Edge

၁၂၆။ သေလောက်အောင် ကြောက်စေမယ်

မြားပစ်လိုက်သောအခါ ခန်းမအတွင်းရှိနေကြစူတိုင်း အသက်အောင့်ထားမိရင်း အာရုံစူးစိုက်နေမိကြတော့လေသည်။ အသည်းငယ်တတ်သော အမျိုးသမီးများဆိုလျှင် ၎င်းတို့၏ မျက်လုံးများကိုပါ ဖုံးအုပ်လိုက်ကြတော့သည်။ မြင်ကွင်းကို မကြည့်ရဲကြတော့။ မှူးမတ်များအားလုံးကတော့ စိတ်မှာ ရှင်းလင်းသိထားသည်။ ချင်တိုင်းနယ် မင်းသမီး မည်မျှပင် ရဲတင်း ရက်စက်တတ်ပါစေ၊ မင်ချီစစ်သူကြီးတစ်ပါး၏ သမီးကို မင်ချီ၏ မြေပေါ် လူတကာ ရှေ့မှောက်၌ သွေးမြေကျစေဝံ့မည် မဟုတ်လိမ့်သည်ကို။

သို့သော်လည်း စိတ်ထဲတွင် လက်ခံသိရှိထားသည်က တစ်ပိုင်း၊ မျက်လုံးဖြင့် တွေ့မြင်ရသည်က တစ်ပိုင်း ဖြစ်လေသည်။ သူတို့မှာ ဘေးမှ ကြည့်သူများ ဖြစ်သည့်တိုင် ရင်ခုန်နှလုံးတုန်ဖြစ်နေရသည်တွင် ရှန်မြောင် ကိုယ်တိုင်သာဆိုလျှင် မည်သို့ ခံစားရမည်နည်း။

ရှန်မြောင်ကတော့ တိတ်တဆိတ်သာ စိုက်ကြည့်နေသည်။ မျက်လုံးလည်း လုံးဝမမှိတ်။ သူမဆီ တန်းတန်းမတ်မတ် ပြေးဝင်လာသော မြားကိုသာ စူးစူးရဲရဲ ကြည့်နေခဲ့သည်။ မြားခေါင်းမြားတံတစ်ခုလုံးကို အသေးစိတ် မြင်လိုသည့်ပမာပင်။ သို့သော် အခြားသူများ အမြင်တွင်တော့ မသွေမယိမ်းသော စိတ်ဓာတ်ခိုင်မာမှု ဖြစ်သွားခဲ့သည်။

မြားက 'ရွှီ'ကနဲ အသံမြည်ကာ ရှန်မြောင်၏ ခေါင်းနံဘေးမှ ကပ်လျက် ဖြတ်သွားခဲ့သည်။

ပန်းသီး နီရဲရဲကို ကပ်သီလေး လွဲသွားခဲ့၏။

ရှန်ချိုးတစ်ယောက်လည်း ရုတ်တရက် စိတ်အေးသွားရလေသည်။ ရှန်ရှင်းနှင့် လော့ရွှယ်ယန်တို့ တင်းတင်းဆုပ်ထားခဲ့မိသော လက်သီးဆုပ်တို့ ပြေလျော့သွားတော့၏။ ဖုံ့အန်းနဉ်နှင့် လော့ထန် ရင်ကို သပ်၍ လော့လင်းတစ်ယောက်ကမူ စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ရန် ရှေ့တွင် ချထားသော လက်ဖက်ရည်ခွက်ကို ယူ၍ တစ်ငုံသောက်လိုက်တော့သည်။

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now