၃၆။ ခရမ်းရောင် လူငယ်

9.9K 1.2K 48
                                    

၃၆။ ခရမ်းရောင် လူငယ်

Burmese translation of {Rebirth of Malacious Empress of Military Lineage}

Translator - Vipvkook

___________________________________

လောကတွင် အင်အားအကြီးဆုံးအရာက တိုင်းပြည်၏ အရှင်သခင်ဆိုလျှင် ထိုအရာထက် အင်အားကြီးသည်​က တိုင်းသူပြည်သားများ၏ အသံဖြစ်လိမ့်​မည်။

လူထု၏ ပါးစပ်ပေါက်ကို ပိတ်ဖို့ ရက်စက် ကြမ်းတမ်းသော နည်းလမ်းတွေ သေချာပေါက် အသုံးပြုနိုင်သည်​မလွဲ။ အဲ့ဒီလို နည်းလမ်းတွေ သုံးတယ်ဆိုရင်တောင် တောင်စဉ်ရေမရ စကားတွေက ဟာသလိုလို သရော်စကားလိုလို ပျံ့နှံ့ နေဦးမှာပဲလေ။ ဒါကို ရာဇဝတ်မှု မြောက်တယ်လို့ သတ်မှတ်လို့ မရပြန်ဘူး။

မင်းချိရဲ့ တော်ဝင်မိသားစုကလည်း ဒီလိုပဲ။ မမြင်ကွယ်ရာမှာတော့ ရွံစရာ မကောင်းမှုတွေ လုပ်ထားပြီး တိုင်းသူပြည်သားတွေ ရှေ့မှာတော့ နိုင်ငံကို သစ္စာစောင့်သိတဲ့ ပုံစံ အယောင်ဆောင်ထားပြန်ရော။ အထက်တန်းလွှာတွေရဲ့ အနစ်နာခံမှု၊ ကာကွယ်မှုတွေကို လက်သပ်ယူထားပြီး အဆုံးကျ ဖျက်ဆီးချင်ပြန်ရော။

ရှန်းမြောင်၏ မှတ်ချက် ပြီးဆုံးသောအခါ ဝေဖန်သံများလည်း တဖြည်းဖြည်း ငြိမ်ကျသွားသည်။

စစ်သူကြီး မျိုးရိုးမှ ဆင်းသက်လာသူ မိန်းမပျိုများကတော့ သူမတို့ ဘိုးဘေးဘီဘင်များ၏ ဂုဏ်သရေကို ဆင်ခြင်မိပြီး စိတ်လှုပ်ရှားနေကြသည်။ လူငယ် အမျိုးသားကတော့ သွေးဆူတတ်သူများပီပီ အခုချက်ချင်းပင် တပ်ထဲ ဝင်ကာ တာဝန်ထမ်းဆောင်လိုစိတ် ဖြစ်ကုန်ကြသည်။ သူရဲကောင်းဆိုတာ ဘယ်နေရာ ရောက်ရောက် မျက်နှာပွင့်ရတယ်လေ။

သို့ပေမယ့်လည်း ရှန်းမြောင်ရဲ့ မှတ်ချက်နဲ့ ပတ်သတ်ပြီး မကျေနပ်သူများလည်း ရှိပြန်တယ်။

အခမ်းအနား တက်ရောက်လာသော မင်းချိ၏ မင်းသား သုံးပါးစလုံး တိုက်ဆိုင်စွာပင် ပြိုင်တူ မျက်မှောင်ကြုပ်လိုက်ကြသည်။ တော်ဝင် မိသားစု၏ အထက်တန်းလွှာအပေါ် ထားသော သဘောထားကို သူတို့သာလျှင် အသိဆုံးဖြစ်သည်။ ရှန်းမိသားစုသည် လေဒဏ်ကို ခံစားနေရသော သစ်ပင်ကြီးတစ်ပင် ဖြစ်သည်။ မကြာသော အချိန်တွင် ဧကရာဇ်သည် အကြောင်း အမျိုးမျိုး ပြကာ ဤသစ်ပင်ကို ရှင်းလင်းမည် ဖြစ်သည်။ ရှန်းမိသားစု၏ ဂုဏ်သတင်းသည်  တိုင်းသူပြည်သားများ ကြားတွင် မခန့်မှန်းနိုင်သော အခြေအနေအထိ မွှေးပျံ့သည်။ ထို့ကြောင့် ရှန်းမိသားစုကို ရှင်းလင်းရေးမှာ တစ်ရက်၊ တစ်ညနှင့် ဖြေရှင်း၍ ရသော ပြဿနာ မဟုတ်ပေ။ ရှန်းမြောင်၏ မှတ်ချက်သည် ကျဆုံးသွားသော စစ်သည်များအပေါ် ပူဆွေးပုံပေါ်သော်လည်း တစ်ကယ့် အဓိပ္ပာယ် က ဤမျှ မရိုးစင်းပေ။ ရှန်းမိသားစု၏ အောင်မြင်မှုများကို ချီးမွမ်းပြီး အမေ့လျော့ခံ အရာရှိများနှင့် တပ်သားများကို လူတိုင်း မြင်နိုင်အောင် မီးမောင်းထိုးပြလိုက်ခြင်း ဖြစ်သည်။ အကယ်၍ တော်ဝင်မိသားစုသည် စစ်တပ်အပေါ် နည်းနည်းလေး မလျော်မကန် ပြုမူလိုက်မည်ဆိုလျှင်… တိုင်းပြည်ရဲ့ တံတွေးခွက်မှာ မျောနိုင်ရင် လုပ်လေ။

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now