၅၀။ တုန့်ပြန်လာစေရန် မခံချင်အောင်ပြော

10.4K 1.4K 67
                                    

၅၀။ တုန့်ပြန်လာစေရန် မခံချင်အောင်ပြော

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage

Translator - No Cause

-

ရှန်းမြောင် သူ့ကို မလှုပ်မယှက် ကြည့်နေမိသည်။

သူမ ရှဲ့ကျင်းရှင်းကို သတိပေးခဲ့သည့်အတွက်ကြောင့် ရှဲ့ကျင်းရှင်း စင်ပေါ်တက်ပြိုင်လာနိုင်ချေရှိသည်ကို ကြိုတင်မှန်းဆမိပြီး စိတ်ထဲက ပြင်ဆင်ထားပြီး ဖြစ်သည်။ သို့သော် ဤသို့ အခြေအနေမျိုး ဖြစ်မည်ဟုတော့ ထင်မထားခဲ့သဖြင့် ငိုရခက်​၊ ရယ်ရအခက်ဖြစ်နေလေသည်။ ဤအဖြစ်က အများအမြင်တွင်တော့ ရှဲ့ကျင်းရှင်းသည် သူမကို အခက်အခဲများ အကြားမှ ကယ်တင်နေသည်ဟု ထင်ရစေသော်လည်း တကယ်တမ်းမှာတော့ ထိုသို့ မဟုတ်။

ရှဲ့ချန်းဝူကတော့ ရှဲ့ကျင်ရှင်း ရုတ်တရက် ပေါ်ထွက်လာမည်ဟု ထင်မထားခဲ့ပေ။ သူ ယခုလိုလုပ်ရသည်ကလည်း ရှန်းမြောင်က ချိုင်မိသားစုကို အပြစ်ပြုမိသည့်အတွက် ချိုင်မိသားစုကို မျက်နှာလုပ်ရန်သာဖြစ်သည်။ သူ ရှန်းမြောင်ကို အရူးလုံးလုံးဖြစ်အောင် အရှက်ခွဲပြီး ချိုင်မိသားစုကိုယ်စား သင်ခန်းစာပေးလိုက်နိုင်လျင် ချိုင်မိသားစုက သူ့အပေါ် အမြင်ကြည်လာပေနိုင်သည်။ ရှန်းမြောင်၏ လေးအတတ်က ထူးချွန်ပြောင်မြောက်သော်လည်း ယောက်ျားနှင့် မိန်းမအကြား အင်အားအရာက ကွာခြားသေးသည်။ ထိုမျှမက ချိုင်လင် ရှုံးနိမ့်ခဲ့သည့်အကြောင်းမှာ ရန်သူကို အထင်သေးမိသောကြောင့်လည်း ပါသေးသည်။

သို့သော် ရှဲ့ချန်းဝူမှာ ရန်သူကို အထင်သေးတတ်သူ မဟုတ်၊ ဖြစ်နိုင်လျင် သူက လေးနှင့် မျှားတို့မှာ ချို့ယွင်းချက်ကလေးများ ဖြစ်သွားအောင်ပြုလုပ်လိုက်ဦးမည်။ ရှန်းမြောင်မှာ သိုင်းပညာတကယ်တတ်ကျွမ်းသူ မဟုတ်သောကြောင့် ထိုချွတ်ယွင်းချက်များကို သတိထားမိမည်မဟုတ်ပေ။

သူ ဤမျှ အပိုင်တွက်ချက်ထားခဲ့သည်ကို သူ့အစ်ကိုကြီးက တစ်ဝက်တစ်ပျက်နှင့် အစီအစဉ်ဝင်ဖျက်မည်ဟု သူ မထင်ထားခဲ့မိပေ။

ရှဲ့အိမ်တော်မှ ညီနောင်နှစ်ဦးသာ မင်သက်သွားမိသည်မဟုတ်၊ ပရိသတ်များအားလုံးလည်း အံ့ဩသွားမိကြသည်။ လင်အန်းနယ်စားမင်းသာ ရှိနေပါက သူလည်း ဤအချိန်ကလေး၌ အံ့ဩမင်သက်သွားမိမှာ အမှန်ပင်ဖြစ်သည်။ နှစ်စဉ် ကျောင်းတော်စာမေးပွဲတိုင်း၌ ရှဲ့ကျင်းရှင်း ဝင်ရောက်ဆင်နွှဲခြင်းမပြုခဲ့သော်လည်း သူသည် စစ်ရေးရော၊ စာပေအနုပညာ၊ နိုင်ငံရေးရာပိုင်းတွင်ပါ ဘက်စုံထူးချွန်ပြီး သိုင်းပညာ စစ်ပညာ၌ အကျင်လည်ဆုံးဖြစ်သည်ကို လူတိုင်း နားလည်ထားသည်။ စာမေးပွဲ၌ စစ်ဆေးထားခြင်း မဟုတ်သော်လည်း သူ စစ်တပ်ထဲ လိုက်သွားလေ့ရှိပြီး သူတကာရှေ့ အထင်ကြီးလေးစားဖွယ်ဖြစ်ခဲ့သည်ကတော့ ငြင်းဆိုဖွယ် မရှိ။ တော်ဝင်မိသားစု၏ အကြောက်တရားကို နှိုးဆွလိုက်သကဲ့သို့ ဖြစ်မည်စိုး၍သာ၊ သို့မဟုတ်ပါက စစ်မြေပြင်မှ ရှဲ့ကျင်းရှင်း၏ ဂုဏ်သတင်းသည် အတွေ့အကြုံရှိလှသော စစ်သူကြီးအချို့ထက်ပင် သာလွန်နေဦးပေမည်။

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now