၆၆။ ကွေ့မောမော၏ နိဂုံး (၂)

6.9K 1.1K 17
                                    

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage

Translator - No Cause

၆၆။ ကွေ့မောမော၏ နိဂုံး (၂)

_________

"အဲ့သလိုမျိုး တို့က မောမောကို ကောင်းကောင်းဆက်​ဆံခဲ့တာကို... မောမောက ဘာလို့ တို့ကို သစ္စာဖောက်​ရတာလဲ..."

ပေါ့ပါးအေးဆေးသော စကားလေးတစ်​ခွန်းသာ။ သို့ပေလျက်​ အတိတ်​အတွေးမှာ နစ်​မြောနေသော ကွေ့မောမောတစ်​ယောက်​ ခြောက်​ခြား တုန်​လှုပ်​ရလွန်းသဖြင့်​ လိပ်​ပြာလွ၈့်​မတတ်​ဖြစ်​သွားမိလေသည်​။ သူမ ရှန်းမြောင်​အား မော့ကြည့်​လိုက်​ပြီး အံ့သြတကြီး မေးလိုက်​တော့သည်​။ "ဘယ်​လို...!?"

"မောမော ဒီလောက်​ကြီး အံ့သြပြနေစရာ မလိုပါဘူး..." ရှန်းမြောင်​ ရယ်​လိုက်​သည်​။ "မောမော ကိုယ့်သခင်​တွေအပေါ် သစ္စာဖောက်​တာ တို့ သိသိချင်းဆို အခု မောမော အံ့သြသွားရတာထက်​ကို အဆပေါင်း ထောင်​သောင်းမက အံ့အားသင့်​ခဲ့ရတာ..."

"သခင်​မလေး... တစ်​ယောက်​ယောက်​က ကျွန်​မတို့ မသင့်​မြတ်​အောင်​ သွေးထိုးပေးနေတာပဲဖြစ်​ရမယ်... ဒီကျွန်​မကြီးက မမလေးကို တစ်​ခါမှ သစ္စာမဖောက်​ခဲ့ပါဘူးတော်​၊ ဒီအဘွားကြီးက မမလေးကို ဘယ်​လို သစ္စာဖောက်​နိုင်​မှာတဲ့လဲ... မမလေး ကျွန်​မကြီးကို ယုံမှပဲ...!" ကွေ့မောမော တုန့်​ပြန်​ချက်​ကတော့ မြန်​လွန်းသည်​။ တဒင်္ဂမျှ ဗျာများသွားခဲ့သော်​လည်း ဝမ်းနည်း စိတ်​မကောင်းဖြစ်​ရသည့်​ဟန်​နှင့်​ မတရားမှု ခံစားရသည့်​ပမာ သူမ၏ သစ္စာစောင့်​သိမှုကို သက်​သေပြရန်​ ကြိုးစားလေတော့သည်​။

"ဟုတ်​ပါပြီ..." ရှန်းမြောင်​ မျက်​နှာပေါ်မှာက စိတ်​မရှည်​နိုင်​မှုတွေနှင့်​၊ လက်​ကာပြလိုက်​လေသည်​။ "ဝေါလုံဘုရားကျောင်းမှာတုန်းက သက်​သက်​လွတ်​စွတ်​ပြုတ်​တိုက်​ဖို့နဲ့ ရာဂစိတ်​ကြွအမွှေးတိုင်​ထွန်းပေးမယ့်​ ဒုတိယအရီးရဲ့ နည်းလမ်းက အတော်​လေး ပါးနပ်​ရာရောက်​တာပဲ... ဒီလိုအရေးကြီးကိစ္စကို မောမောကို ခိုင်းပုံထောက်​ရင်​ သူက မောမောကို လူယုံလိုသဘောထားပုံပဲနော..."

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now