၁၀၉။ ပျော်တော်ဆက်မှုကို စွန့်ခွာလာ

4.1K 646 21
                                    

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage by Author Qian Shan Cha Ke

Translator - Edge, NC

၁၀၉။ ပျော်တော်ဆက်မှုကို စွန့်ခွာလာ

“ထွက်သွား”

ထိုစကားကို ကြားသောအခါ ရှဲ့ကျင်းရှင်း၏ နှုတ်ခမ်းက ကွေးတက်သွားပြီးနောက် ရှန်မြောင်ကို ဘေးကနေ စိတ်ဝင်တစား ကြည့်လိုက်သည်။

“မတွေ့ရတာ အတော်ကြာပြီကို မင်းရဲ့ စိတ်က အတော် ကြမ်းတမ်းလာတာပဲ”

ရှန်မြောင်က စားပွဲရှေ့တွင် ထိုင်နေပြီး အေးတိအေးစက် စကားဆိုလိုက်သည်။

“ရှင်က ဘယ်လိုပဲ ဖြစ်ဖြစ် မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ ဧည့်သည် ဖြစ်နေတာပဲလေ”

ကျန်သည့် သူများသာ သူမ၏ အခန်းထဲတွင် ရှဲ့ကျင်းရှင်းကို တွေ့သွားခဲ့လျှင် မည်မျှ ပြဿနာ များမည်မှန်း မသိပေ။ ကံဆိုးသည်မှာ ဤလူက အန္တရာယ်များကို စွန့်စားချင်သည့်စိတ်က အရိုးထဲတွင် စွဲနေသည့်အလား ထိုအရာများကို နှစ်ခြိုက်မှန်း သူမ သိသည်။ ရှန်မြောင်က ရှဲ့ကျင်းရှင်နှင့် ဝေးဝေးနေရန် ဆုံးဖြတ်ပြီး ဖြစ်သည်။ ထိုလူတွင် နက်ရှိုင်းလွန်းသည့် လျှို့ဝှက်ချက်များစွာ ရှိနေ၏။ သို့သော် ယခုရှဲ့ကျင်းရှင်းက ကိုယ်တိုင်ပေါ်လာပြီး မည်ကဲ့သို့ ဒေါသမထွက်ဘဲ နေမည်နည်း။

“ဒီနေရာကို ဖြတ်သွားရင်း မင်းကို လာကြည့်တာ”

ရှဲ့ကျင်းရှင်းက ပခုံးတွန့်ပြီး သက်သောင့်သက်သာ အမူအရာဖြင့် ပြောလိုက်သည်။ သူသည် ယနေ့တွင် အဖြူရောင်ကော်လံဖြင့် အနက်ပြာဝတ်ရုံကို ဝတ်ဆင်ထား၏။ ယင်းက ပုံမှန်ဆို အေးခဲ့သည့် ဆောင်းရာသီအတွက် ဖြစ်သော်ငြား သူ၏ အံ့ဖွယ်မျက်နှာသွင်ပြင်ကြောင့် အခန်းသည် နွေဦးလေထုများဖြင့် ပြည့်သွားစေတော့၏။ သူက မေးမော့ပြီးနောက် ပြောလိုက်၏။

“မင်းကို မေးချင်တဲ့ မေးခွန်းတစ်ခုလည်း ရှိတယ်”

“ပြော...”

ရှန်မြောင်က သူနှင့် အပိုစကား ပြောလိုစိတ် မရှိပေ။

ရှဲ့ကျင်းရှင်းက ရှန်မြောင်၏ သဘောထားကို မြင်သောအခါ စိတ်မပျက်သွားဘဲ ပြောလိုက်၏။

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now