Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage by Author Qian Shan Cha Ke
Translator - Edge, No Cause
၈၄။ မယုံကြည်မှု/ က
စီစဉ်ထားသည့်နေ့ရက်က မြန်မြန်ဆန်ဆန်ပဲ ရောက်လာသည်။ တတိယမြောက်နေ့တွင် ရှန်မြောင်က ဖုန်းရှန်းအပေါင်ဆိုင်သို့ ရောက်လာချိန် ချန်ညီနောင်က စောင့်ဆိုင်းနေတာ အတော်ကြာပြီဖြစ်သည်။
ယခင်ကနှင့်ယှဉ်လျှင် နှစ်ယောက်လုံးက အတော်လေး ပြောင်းလဲသွားပုံရ၏။ အထူးသဖြင့် ချန်ယွဲ့ဟိုင်တွင် ရဲတင်းပြီး ပွင့်ပွင့်လင်းလင်းဆန်မှုများ ပျောက်ကွယ်သွားကာ သိပ်သည်းသည့် တိမ်တိုက်တို့ အစားထိုး ဝင်ရောက်လာသည်။ ရှန်မြောင်က ချန်ယွဲ့ရှန်နှင့် ချန်ယွဲ့ဟိုင်ကို တစ်ချက်ကြည့်ပြီး သူမရင်တွင်း၌ အတွေးတစ်ခု ပေါ်လာသည်။ နှစ်ယောက်လုံးသည် ချန်ညီမငယ်၏ သတင်းအကြောင်း စုံစမ်းပြီး သူမ၏ ပုံစံကို ကိုယ်တိုင် မြင်ခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်၏။ သူတို့၏ ညီမလေး ထိုမျှ သေးနုပ်နုံချာသည့်အခြေအနေကို သူတို့ကိုယ်တိုင် မြင်ခဲ့ရသည်က ကြေးစားလောကတွင် သတ်ဖြတ်ရာ၌ ဆုံးဖြတ်ချက် ပြတ်သားသူကို အကြီးမားဆုံး ရန်စမှု ဖြစ်ခဲ့တာပင်။ ထိုသို့မဟုတ်ခဲ့လျှင် ယခင်ဘ၀၌ ချန်မိသားစုသည် မင်းသားယွီကို လုပ်ကြံသတ်ဖြတ်ရန် အဆင်အခြင်မဲ့ ရှေ့တိုးသွားခဲ့မှာ မဟုတ်ပေ။
“ရှန်သခင်မလေး” ချန်ယွဲ့ဟိုင်က ဦးစွာ ပြောသည်။
“ချန်မိသားစုဆီ ခြေရာခံလို့မရအောင် တော်ဝင်မိသားစုကို ဟန့်တားနိုင်တဲ့ နည်းတစ်ခု ရှိတယ်လို့ ရှန်သခင်မလေး ပြောခဲ့တယ်နော်၊ ကျုပ်တို့ညီအစ်ကိုတွေကို ပြောပြနိုင်မလား”
ကျီယွီရှုက အတွင်းရှိ ပန်းများကို မြင်နိုင်သည့်အလား သူ့ခွက်ကို ကြည့်နေသည်။ သို့သော် ရှန်မြောင်ကို တမင်တကာ မကြည့်ခြင်းဖြစ်၏။
ရှန်မြောင်က သက်ပြင်းချကာ၊ “ကျွန်မ အရင်က ပြောခဲ့သလို တကယ်ကူညီပေးချင်ပါတယ်၊ ကျွန်မ စွန့်စားမှုက ကြီးတယ်လေ၊ တစ်နည်းနည်းနဲ့ ရှန်မိသားစုက ရှင်တို့ ချန်မိသားစုနဲ့ တစ်လှေတည်းစီ ဖြစ်သွားမှာ၊ ဒီတော့ တစ်ခုခု အမှားအယွင်းဖြစ်ခဲ့ရင် ရှန်မိသားစုလဲ ထိခိုက်မှာ”
YOU ARE READING
ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]
Historical Fictionစစ်သူကြီးမျိုးရိုး၏ ပဏာမသမီးတော်၊ ဖြူစင်၊ ရိုးသား၍ အလိမ်အညာခံရလွယ်သော၊ မင်းသားသင်းအား ရူးရူးမိုက်မိုက်ချစ်ကြိုက်မိသူ သူမ သူ့ဇနီးမယားအရာရအောင် ကြိုးပမ်းခဲ့သည်။ သူ့အား ခြောက်နှစ်တိုင်ကူညီပေးခဲ့ပြီးနောက် သူမ တစ်လောကလုံး၏ မိခင်ဖြစ်လာတော့သည်။ တိုင်းပြည်...