၂၃။ ပွဲတော်ရက်မတိုင်မှီ ပြင်ဆင်မှုများ

9.3K 1.1K 6
                                    

၂၃။ ပွဲတော်ရက်မတိုင်မှီ ပြင်ဆင်မှုများ

Burmese translation of {Rebirth of Malacious Empress of Military Lineage}

Translator - Shiro_HP19
(ပထမဆုံး translationဆိုတော့ ဖတ်ရတာ အဆင်မပြေလဲ ပြောကြပါလို့)

___________________________________

မင်ချီရဲ့ ခြောက်ဆယ့်ရှစ်နှစ်မြှောက်မှာ ကျင်းပတဲ့ ဂန္ဓာမာပန်းပွဲတော်ဟာ နောက်ဆုံးတော့ ရောက်ရှိလာခဲ့ပြီ ဖြစ်တယ်။

ကွမ်ဝမ့်ထန်ရဲ့ ပညာရည်စစ်ဆေးပွဲဟာ အရည်အချင်းယှဉ်ပြိုင်တဲ့ပြိုင်ပွဲဖြစ်လာတဲ့အတွက် အရင်နှစ်တွေနဲ့မတူ ထူးခြားလို့နေတယ်။ အထူးချွန်ဆုံးအရည်အချင်းရှိတဲ့ ကျောင်းသားတစ်ယောက်သာ သူရဲ့အတန်းဖော်အတန်းသားတွေကို စိန်ခေါ်ဖို့ စင်မြင့်ပေါ်မှာ ရပ်နိုင်မှာဖြစ်တယ်။ ဒီကိစ္စဟာ လူငယ်တွေကို စွမ်းအင်အပြည့်နဲ့ အသက်ဝင်နေစေပြီး အခြားသူတွေကတော့ ကွမ်ဝမ့်ထန်က ကျောင်းသားကျောင်းသူတွေရဲ့ ကိုယ်ပိုင်အရည်အသွေးကို တွေ့မြင်ရမှာဖြစ်ပေတယ်။

မိန်းကလေးရော ယောက်ျားလေးပါ စင်မြင့်တစ်ခုထဲပေါ်မှာ ရှိနေနိုင်မှာဖြစ်ပြီး အရင်နှစ်တွေနဲ့မတူတာကတော့ အရင်က ပညာရည်စစ်ဆေးပွဲတွေက ယောက်ျားလေးတွေနဲ့ မိန်းကလေးတွေကို အဖွဲ့လိုက် သက်သက်ပိုင်းခြားထားတာဖြစ်တယ်။ တကယ်လို့သာ ဆန္ဒရှိတယ်ဆိုရင် ယခုနှစ်အရည်ချင်းယှဉ်ပြိုင်ပွဲမှာ မိန်းကလေးတစ်ယောက်က ယောင်္ကျားလေးတစ်ယောက်ကို မြင်းစီးပြိုင်ဖို့နဲ့ မြှားပစ်ပြိုင်ဖို့ စိန်ခေါ်နိုင်သလို ယောင်္ကျားလေးတွေဟာလဲ မိန်းကလေးတွေ တတ်အပ်တဲ့ အနုပညာလေးမျိုးမှာ ပါဝင်ယှဉ်ပြိုင်နိုင်မှာဖြစ်တယ်။ မည်သို့ပင်ဆိုစေ ဤဖြစ်ရပ်မျိုးဟာ အင်မတန်မှ ရှားပါးလွန်းလှတယ်။

မနက်ခင်းစောစော ရှန်းအိမ်တော်မှာ ပျားပန်းခတ်မျှ လှုပ်ရှားအသက်ဝင်နေတယ်။ အနောက်အိမ်တော်မှာတော့ ရွှမ်ကျန့်ဟာ ငွေမှင်ရောင်ဆံထိုးကို သူမရဲ့ဆံနွယ်တွေကြား ဂရုတစိုက်ထိုးပေးပြီး ပြုံးရင်း ပြောလိုက်တယ်။ "မမလေး။ ဆံထုံးပြင်လို့ ပြီးပါပြီ"

ရွှမ်းကျန်းဟာ ဆံပင်ကို ပုံသွင်းတဲ့နေရာမှာ အတော်ဆုံးဖြစ်တယ်။ ယခင်ကဆို ရှန်းယွဲ့ဟာ သူမရဲ့ ဆံပင်ကို ပုံဖော်နိုင်ဖို့ ရွှမ်းကျန်းကို သူမနားမှာ ရှိစေချင်ခဲ့တယ်။ ဒါပေမယ့် ရွှမ်းကျန်းဟာ ရှန်းသခင်မက ရှန်းမြောင်အတွက် သီးသန့်ရွေးချယ်ပေးထားတဲ့ အစေခံဖြစ်တဲ့အတွက် ရွှမ်းကျန်းကလဲ ဆန္ဒမရှိသလို ရှန်းယွဲ့ကလဲ နည်းလမ်းတစုံတရာမှ မတတ်နိုင်ခဲ့ပေ။

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now