၈၁။ ညှိနှိုင်းခြင်း/ ဂ

4.7K 876 15
                                    

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage by Author Qian Shan Cha Ke

Translator - No Cause

၈၁။ ညှိနှိုင်းခြင်း/ ဂ

ကျီယွီရှု အကြည့်တို့က ပြောင်းလဲသွားပြီး စကားလမ်းကြောင်းကို ရုတ်ခြည်း လွှဲလိုက်တော့သည်။ "ဒါဆို ရှန်သခင်မလေးက ဒီသတင်းစကို ဘယ်လောက်နဲ့ ရောင်းပေးမှာလဲ"

သတင်းဝယ်သည့်ဘက်က ငွေပေးချေရပြီး ထိုငွေ၏ တစ်စိတ်တစ်ပိုင်းသည် သတင်းရောင်းသူထံသို့ ရောက်မည်။ တချို့ကိုတော့ ပိုင်ရှောင်ရှန်းအား ပေးသွင်းရပေမည်။ ထိုငွေပမာဏကို အရောင်းအဝေ မပြုမီ အလျင်ဦးစွာ ညှိနှိုင်းထားဖို့လိုသည်။

"ပြီးရင် တို့က သတင်းဝယ်ရဦးမယ်၊ တို့ ဝယ်ချင်တဲ့ သတင်းကို ကျီတာဝန်ခံက ရောင်းပေးနိုင်တယ်ဆိုရင် ကျန်းနန် ယွီစီရင်စု ချန်အိမ်က ပေးတဲ့ ငွေအသပြာကို တို့ တစ်ပြားမှ မယူတော့ဘဲ ရှင့်ကို ပေးမဲ့အပြင် အပိုဆောင်းငွေလဲ ထပ်ပေးဦးမှာ"

ကျီယွီရှု ပင့်သက်ရှိုက်သွင်းလိုက်မိတော့သည်။

စင်စစ်အရိုးသားဆုံးပြောရမည်ဆိုလျှင် ဖုန်းရှန်းအပေါင်ဆိုင် တည်ရှိဖွင့်လှစ်ထားသည်မှာ နှစ်ပေါင်းများစွာ တိုင်ပြီဖြစ်ပြီး အလုပ်ကိစ္စအများစုကို ဟုန်လင်းကသာ ဦးစီးဆောင်ရွက်ခြင်းဖြစ်သည်။ ကျီယွီရှုကမူ အခြားသူများကိုသာ အလုပ်ခိုင်းပြီး ကိုယ်တိုင်ကိုယ်ကျ မလုပ်ပေ။ ဤလုပ်ငန်းမျိုးမှာ အမြတ်ချည်းသာရှိသော လုပ်ငန်းဖြစ်ပြီး ကိုးကွယ်မှု သုံးပါး၊ အတွေးအခေါ် ဂိုဏ်းဂဏ ကိုးရပ်တို့၏ အတက်အနွယ် ကွန်ယက်အပေါ် အားကိုး ပြုထားသော လုပ်ငန်းဖြစ်ချေသည်။ မိမိတို့ဘက်က ဉာဏ်အားစိုက်ထုတ်စရာလည်း မလိုတတ်။ သို့ပေလျက် ရှန်မြောင်နှင့် ပြောဆိုဆွေးနွေးနေသည့်အခါတွင်မူ သူမ၏ စကားလုံးတိုင်း၌ အကွေ့အကောက်များလှသည်ဟု ခံစားရမိသဖြင့် ဝန်အလေးတစ်ခုလွှမ်းခြုံခံထားရသကဲ့သို့ ရှိလေသည်။ ဤအခြင်းအရာမျိုးမှာ ကျီယွီရှု နားမလည်နိုင်သော အရာမျိုးပေတည်း။

သို့သော် မိမိမှာ စီးပွားရေးသမားဖြစ်သည်ကို သူ မှတ်မိသေးသည်။ ထို့ကြောင့် သူ မေးခွန်းထုတ်ဖြစ်လိုက်၏။ "ရှန်သခင်မလေးက ဘာသတင်းကိုများ ဝယ်ချင်တာပါလဲ၊ ကြည့်ရတာတော့ သေးသိမ်လောက်မဲ့ပုံ မပေါ်ဘူးထင်တယ်၊ အဲ့ဒီသတင်းကို ရှာမတွေ့ရင်တော့ ငွေတွေ အထိုင်သေသွားမှာ စိုးမိပါတယ်၊ အလုပ်မဖြစ်သေးဘဲ ကြန့်ကြာနေရင် မကောင်းဘူးနော်"

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now