ရှန်မြောင် Paid Gp အတွက်

5.7K 379 102
                                    

ရှန်မြောင် Paid Gp အတွက် တိုင်ပင်ကြမယ် ဘေဘီတို့

ရှန်မြောင်က Chapter အခန်းကြီး အလိုက်ဆိုရင် English စာလုံးရေ က ၆၀၀၀ ဝန်းကျင်ကနေ ၈၀၀၀ ကျော် (တချို့ အခန်းဆို ၁၀၀၀၀ ကျော်တာတွေ) ရှိပါတယ်။
အဲ့ဒီတော့ paid gp လုပ်လို့ အခန်းလိုက်
တစ်ခါတည်း တင်မယ်ဆိုရင် Daily up က အဆင်မပြေပါဘူး။
နှစ်ရက်တစ်ပိုင်း (တစ်ရက်ခြားတင်)
သုံးရက်တစ်ပိုင်းလောက်ပဲ လုပ်လို့ရလိမ့်မယ်။
ဒါမှ မဟုတ် အပိုင်းလေးတွေ ပြန်ခွဲပြီး Daily တင်ပေးလို့ရပါတယ်။ (ရှန်းရှို့ တစ်ပိုင်းစာလောက် ပြန်ခွဲပြီးပေါ့)
အဲ့ဒါလေး ဘယ်လို လုပ်ပေးရမလဲ သိချင်လို့ အကြံပြုကြပါဦး။

နောက်တစ်ခုက -
Gp ဝင်ကြေးကိစ္စပါ။
အခု ပုံမှန် ပေါက်ဈေးလို့ပဲ ပြောပါရစေ၊
အပိုင်း တစ်ပိုင်းမှာ English စာလုံးရေ ၈၀၀ လောက်ပါတဲ့ စာစဉ်ဆိုရင်
တစ်ရက် ၂ ပိုင်း (ရှန်းရှို့တစ်ပိုင်းစာပေါ့) နဲ့ နေ့တိုင်းတင်ပြီး အပိုင်း ၆၀ ကို ၁၀၀၀ ကျသင့်ပါတယ်။
ဥပမာ လော့စန်း - ချစ်စိတ်လေးတွေ ဖူးပွင့်စေ ဆို (Gp 4 အပိုင်း 391 - 570) ကို 3000 ပါ။ အပိုင်း ၁၈၀ ပါ ပါတယ်။

ဆိုတော့ကာ ရှန်မြောင်ကို ဘယ်လို လုပ်စေချင်သလဲပေါ့။

Option A
  - တစ်ရက်ခြား တစ်ပိုင်းနဲ့ တစ်လကို ၁၅ ပိုင်းပါမယ်
  - Gp တစ်ခုကို ၄၅ ပိုင်းပါမယ်။ ၅၀၀

Option B
  - တစ်ရက်ကို English စာလုံးရေ (၁၅၀၀ - ၂၀၀၀) ပါတဲ့ အပိုင်းဖြတ် တစ်ပိုင်းတင်မယ်။ နေ့တိုင်းတင်မယ်။
  - တစ်လကို အဲ့သလို အပိုင်းလေး ၃၀။ အဲ့အပိုင်း ၃၀ က အခန်းကြီး ၁၀ ခန်းဖြစ်နိုင်တယ်၊ ၁၂ ခန်းလဲ ဖြစ်နိုင်တယ်၊ ၈ ခန်းတည်းလဲ ဖြစ်နိုင်တယ်။
  - အဲ့သလိုအပိုင်းမျိုး ၉၀ သုံးလစာကို ၃၀၀၀

Option C
  - နေ့တိုင်း အခန်းကြီး တစ်ခန်းတင်မယ်
  - Gp တစ်ခု အပိုင်း ၃၀ နဲ့ ၄၀၀၀ ကျပ် (ဘာသာပြန်သူတွေအတွက် အသည်းအသန် ရေးရတာ တန်ဖို့/ အချိန်ပေးရတာ တန်ဖို့လိုပါသေးတယ်)

ဒီ option တွေထဲမှာ NC personal အမြင်အရ option C က ဝန်ကြီးပါတယ်။ ဘာသာပြန်သူအတွက်ရော ဖတ်သူတွေအတွက်ပါ ဝန်များလို့ပါ။
တစ် gp ၄၀၀၀ တစ်ခါတည်း သွင်းဖို့က များတယ်။
(များတယ်ဆိုလို့ ဈေးများနေတာမဟုတ်ဘူးနော် 😭/ ပုံမှန် တွက်ကြေးဆို ၆၀၀၀ ပဲ)

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now