၅၄။ ထောင်ချောက်တစ်ခု

9.4K 1.3K 25
                                    

၅၄။ ထောင်ချောက်တစ်ခု

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage

Translator - kktwinklestar

_

ရှန်းအိမ်တော်သို့ ပြန်လာသည့်လမ်းတစ်လျှောက်လုံး ရှန်းမြောင် အလာတုန်းကအတိုင်း တစ်ယောက်တည်းပြန်လာခဲ့သည်။ သူမဘေးနားမှာခစားရှိနေသည့် ကူယွီနှင့် ကျင်းကျဲ့တို့ကတော့ သူမကို စိုးရိမ်တကြီးကြည့်နေကြသည်။ မင်းသားယွီ၏ မကောင်းဆိုးဝါးဂုဏ်သတင်းကို မင်ချီပြည်တစ်ပြည်လုံးသိကြသည်။ ယခုတော့ သူကရှန်းမြောင်ကို ဖိတ်ခေါ်ထားသည်။ ရှန်းမြောင်အတွက် မသင့်လျော်ဘူးဆိုတာပြောစရာတောင်မလိုဘူး။ မိန်းကလေးငယ်တစ်ယောက်ကို ဒီလိုမျိုးဦးတည်နေတာ ကြည့်ရုံနှင့် မင်းသားယွီ ဘယ်လို အကြံအစည်မျိုးရှိနေသည်ကို လူတိုင်းသိနိုင်သည်။

ရှန်းရှင်သာ ဆိုလျင်တော့ သူ့အသက်ကိုပင် ရင်း၍ ငြင်းဆန်ပေလိမ့်မည်။ သို့သော် ယခုအချိန်မှာ ရှန်းရှင်က မြို့တော်မှာရှိမနေ။ ရှန်းမိသားစု၏ ချွေးမနှစ်ယောက်ဟာလည်း စိတ်ယုတ်မာအပြည့်နှင့် ဖြစ်ကြသည်။ အရင်တုန်းကတော့ ရှန်းမြောင်က ငယ်သေးသဖြင့် ပြဿနာမရှိသော်လည်း အခု သူမက လက်ထပ်ရမယ့်အရွယ်ရောက်နေပြီ။ ဒီလိုအကြံအစည်မျိုး သူတို့ခေါင်းထဲ မရှိဘဲနေမလား။

ကျင်းကျဲ့ တတ်နိုင်သလောက်တော့ နှုတ်ဆိတ်နေသေးသည်။ သည်းမခံနိုင်တဲ့အဆုံး သူမ ဖွင့်ဟပြောလိုက်တော့သည်။ "သခင်မလေး... မင်းသားယွီ... ဒီနေ့ကိစ္စကို ဘယ်လိုလုပ်ကြမလဲဟင်...  သခင်ကြီးဆီ စာရေးလိုက်ပါလား...? သခင်ကြီးသာဒီကိစ္စကိုသိရင် ချက်ချင်းပြန်လာလိမ့်မယ်..."

"ဟုတ်တယ်...!" ကူယွီခမျာလည်း အလွန်အမင်းစိုးရိမ်နေမိပြီး စိတ်မချမ်းမသာဖြစ်နေရသည်။ "အဲ့ဒီ့လူဟာ ကောင်းသောလာခြင်းနဲ့ လာတာမဟုတ်ဘူး... အခု အိမ်တော်တွင်းအခြေအနေကလည်း. . . .  ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့သခင်မလေးက ပွဲရဲ့အဓိကလူဖြစ်နေခဲ့တယ်... အိမ်တော်အတွင်းမှာ သခင်မလေးကိုထပ်ပြီးပြသနာရှာမှာ စိုးရိမ်မိတယ်..." သူမသက်ပြင်းချလိုက်သည်။

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now