၁၀၅။ အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်း

4.2K 634 12
                                    

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage by Author Qian Shan Cha Ke

Translator - Edge, NC

၁၀၅။ အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်း

ရှန်အိမ်တော် အနောက်ဖက် ခြံဝန်းထဲရှိ ကျောက်စားပွဲရှေ့တွင် ရှန်မြောင်က ရှန်ချိုးနှင့် ကျားထိုးနေ၏။ ရှန်ချိုးက ယနေ့တွင် ဓားရေး လေ့ကျင့်ရန် မလိုပေ။ ရှန်မြောင်၏ ကျားထိုးသည့် အရည်အချင်းက အဆပေါင်းများစွာ တိုးတက်လာမှန်း သိလိုက်ရကာ ရှန်ချိုးသည် ရှန်မြောင်ထံမှ တစ်ပွဲ နိုင်ရန်အတွက် အင်္ကျီလက်ကို တစ်ပင့်ပင့် ဖြစ်နေတာ ကြာပြီ ဖြစ်သည်။ သို့သော် လက်ရှိတွင် ပွဲက ဆန္ဒ ရှိသလို ဖြစ်မလာချေ။ သူက အနက်ရောင်ကျားစေ့ကို ချလိုက်ပြီးသည် ယခင်က ကျားစေ့ဖြူများဖြင့် ဖိနှိပ်ထားနိုင်ရမှ ယခုမူ အနက်ရောင် ကျားစေ့များဖြင့် အဝိုင်းခံထားရပြီး ဖြစ်ကာ ဖောက်မထွက်နိုင် တော့ပေ။ ရှန်ချိုးက အချိန်အတော်ကြာ ကြည့်ပြီး ရှန်မြောင်ကို မေးလိုက်တော့သည်။

“ညီမလေး ဒီအကွက်တွေက အစ်ကို ပထမပွဲမှာ အသုံးပြုခဲ့တာ မဟုတ်ဘူးလား”

သူထိုကျားစေ့များပေါ်ရှိ အကွက်များကို မြင်သောအခါ အလွန်ရင်းနှီးသည်ဟု ခံစားလိုက်ရသည်။ သူ ကြည့်လေလေ ပိုအံ့ဩလာလေ ဖြစ်ကာ ရှန်မြောင်လှမ်းသည့် ခြေလှမ်းတိုင်းက သူပထမပွဲ လှမ်းခဲ့သည့် အကွက်များနှင့် တစ်ထပ်တည်း တူနေပေ၏။ ရှန်မြောင်က ပိုကောင်းအောင် ဆော့နေတာပဲ ဖြစ်ကာ သူမ သုံးသွားသည့် လမ်းကြောင်းက အလွန် အဆင်ပြေ ချောမွေ့နေပြီး ရက်စက် ကြမ်းကြုတ်မှုများ ပြည့်နေတာပဲ ဖြစ်သည်။

“ရန်သူရဲ့ နည်းလမ်းကို သုံးပြီး လက်စားချေ”

ရှန်မြောင်က သိမ်မွေ့စွာ ပြုံးကာ

“ကိုကို ကိုယ့်ရဲ့ ကိုယ်ပိုင် သတ်မှတ်ချက်အတွက် လက်တုံ့ပြန်ဖို့ စဉ်းစားဖူးလား”

ရှန်ချိုးက ခေါင်းခါလိုက်သည်။

“အစ်ကို့ရဲ့ နည်းလမ်းတွေက ရန်သူကို ပစ်မှတ်ထားပြီး သေအောင် ထောင်ချောက်ဆင်ရုံပဲ။ ညီမလေးက ကိုကို မလုပ်နိုင်ခဲ့တဲ့ ဖြေရှင်းနည်း တစ်ခုတွေ့ ခွင့် ပေးလိုက်တာပဲ”

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now