၈၃။ အိမ်တော်တစ်ခုလုံးကို အမြစ်ပြတ်သုတ်သင်/ ခ

5.3K 868 21
                                    

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage by Author Qian Shan Cha Ke

Translator - Edge, No Cause

၈၃။ အိမ်တော်တစ်ခုလုံးကို အမြစ်ပြတ်သုတ်သင်/ ခ

ကျီယွီရှုက ရှန်မြောင်ကို စိုက်ကြည့်နေမိသည်။ သူသည် အစက ရှန်မြောင်၏ ထိုနေ့က လုပ်ဆောင်ချက်သည် အတော်လေး ထူးခြားနေပြီးသားဟု တွေးမိခဲ့တာ ဖြစ်သည်။ သို့သော် ယနေ့တွင် ပိုတောင် အံ့ဩစရာကောင်းနေလိမ့်မည်ဆိုတာ သူ မထင်ထားပေ။ ကြေးစားလောကမှ လူများက များသောအားဖြင့် မောက်မာထောင်လွှားတတ်ကြသည်။ ချန်မိသားစုကို မိသားစုကြီးတစ်ခုအဖြစ် သတ်မှတ်နိုင်ပြီး ယခုကိစ္စက လုပ်ငန်း အပေးအယူ တစ်ခုသာ ဖြစ်သည်။ သို့သော်ငြား ရှန်မြောင်၏ စကားလုံးအနည်းငယ်အောက်တွင် သူမက ချန်မိသားစု၏ ကျေးဇူးရှင်ဖြစ်သွားပြီး ရှန်မြောင်အပေါ် ချန်ညီနောင်၏ သဘောထားက ယဉ်ကျေးလာသည်။ ထိုညီနောင် ပြောသည့်အတိုင်းပင် နောင်တွင် ရှန်မြောင်၌ အခက်အခဲရှိခဲ့ပါက ချန်မိသားစုသည် ကူညီမှာ ဖြစ်၏။ ချန်မိသားစုနှင့် ချိတ်ဆက်ထားနိုင်ဖို့က လွယ်ကူသည့်အရာ မဟုတ်ပေ။

“ကျီတာဝန်ခံ အခု ကျွန်မတို့ကြားက အပေးအယူကို ဆွေးနွေးနိုင်ပြီ”

ရှန်မြောင်က သူ့ကို ကြည့်လိုက်သည်။

“ရှန်သခင်မလေး အဲဒီနေ့က ပြောခဲ့တဲ့တောင်းဆိုချက်တွေကို ကျုပ် တွေးပြီးပါပြီ”

ကျီယွီရှုက မေးစေ့ကို ပွတ်ကာ အကြပ်တွေ့ဟန်ဆောင်လျက် “တကယ်တော့ သခင်မလေးရဲ့ သတင်းက သိပ်အန္တရာယ်များလွန်းတယ်။ အောင်မြင်သွားခဲ့ရင် ဝမ်းသာမိမှာ ဆိုပေမဲ့ တစ်နေ့ကျ ရှာတွေ့သွားခဲ့ရင် ကျုပ်ရဲ့ ဖုန်းရှန်း အပေါင်ဆိုင်က ထပ်ဖွင့်ဖို့ လိုတော့မှာ မဟုတ်ဘူး၊ တာဝန်ခံကျုပ်က ခေါင်းဖြတ်ခံရပြီး ဒီက အစေခံတွေအားလုံးလဲ သူတို့အသက် ဆုံးရှုံးရမှာ၊ ဒီတော့ ဒီအပေးအယူအတွက် သခင်မလေးက ရှန်မိသားစုနဲ့ ငွေကြေးပေးဖို့ လိုအပ်တာပေမဲ့ ကျုပ်ကတော့ အသက်တွေရင်းဖို့ လိုတယ်၊ ပြောရရင် ဒါက ကျုပ်အတွက် တစ်ပန်းရှုံးနေတာပဲ”

ရှန်မြောင်က မျက်တောင် ပုတ်ခတ်ပုတ်ခတ်ဖြင့် သူ့ကို ကြည့်လိုက်ကာ

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now