Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage by Author Qian Shan Cha Ke
Translator - Edge, No Cause
၈၉။ လမ်းမရှိ
တင်းမြို့တော်တွင် ထိုကဲ့သို့ ကိစ္စကြီးတစ်ခု ဖြစ်ပွားခဲ့သောကြောင့် တစ်မြို့လုံးက မင်းသားယွီ၏ အိမ်တော်တစ်ခုလုံး သုတ်သင်ရှင်းလင်းခံရသည့် ကိစ္စနှင့် ပတ်သက်ပြီး ပြောနေကြတော့၏။ ကောလာဟလများတို့က နှင်းများကို စုနေပြီး နှင်းဘောလုံးသဖွယ် မွေးဖွားလာပြီးနောက် ကောလာဟလများက ပိုပြန့်လာကာ ပို့ချဲ့ကား လာကြတော့သည်။ ထင်ကြေးပေးသူများကလည်း နေရာအနေအထား ထောင်ချီ၊ သဘောထားရာချီ အမျိုးမျိုးကွဲပြားနေကြ၏။ အချို့ဆို မင်းသားယွီ အိမ်တော်တစ်ခုလုံး သုတ်သင်ရှင်းလင်းခံရခြင်းက မင်းသားယွီ လက်ထပ်ပြီးခါစ ဝမ်ဖေး၏ ရန်သူတော် ပြုလုပ်တာ ဖြစ်မည်ဟု သံသယ ဝင်ကြသည်။ အလှလေးတစ်ယောက်ကြောင့် အိမ်တော် တစ်ခုလုံးကို သေတွင်းထဲပို့ခဲ့တာ ဖြစ်ရမည်။ ထိုရက်စက်ကြမ်းကြုတ်သော အမှန်တရားတွင် ဆွဲငင်ဖွယ် အရောင်အသွေးပါ ထည့်ပေါင်းထည့်လိုက်သလို ကောလာဟလက အလွန်ဆွဲဆောင်မှု ရှိသွားသည်။
ထိုကဲ့သို့ ကောလာဟလများကို နေရာအနှံတွင် တွေ့နေရပြီး ထိုအရာကို ကြားလိုက်သည့် အချိန်တိုင်းတွင် ကောလာဟလ၏ စီးဆင်းမှုကြီးကို မတွေးမိဘဲ နေမှာ မဟုတ်ပေ။ ၎င်းက သတိပေးနေတာလည်း ဖြစ်၏။
ကောလာဟလများ၏ အကျဉ်းချုပ်အရ မင်းသားယွီ၏ အိမ်တော်တစ်ခုလုံး၏ သုတ်သင်ရှင်းလင်းခံရခြင်း၏ အကြောင်းအရင်းသည် ရှန်မိသားစုထံမှ လာတာ ဖြစ်နိုင်သည်။ စစ်သူကြီး၏ အိမ်တော် ထိုသို့ ပြုလုပ်ရသည့် အကြောင်းအရင်းကိုတော့ ရေက နက်ရှိုင်းလွန်းသည်ဟုသာ အရာရှိများက သူတို့ဘာသာ တွေးနေကြသည်။
ရှေ့တွင် ပြောဆိုနေကြသော ကောလာဟလများက ရှန်ချင်းနှင့် သူမ၏ မိသားစုကို ပြက်ရယ်ပြု လှောင်ပြောင်မှုများသာ သယ်ဆောင်လာခဲ့သည်။ သို့သော် ထိုရက်စက်သော ကောလာဟလများ၏ တစ်ခုတည်းသော ရည်ရွယ်ချက်က အားလုံးဆီမှ ရှန်အိမ်တော်ကို တွန်းထုတ်ရန် ဖြစ်သည်။
YOU ARE READING
ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]
Historical Fictionစစ်သူကြီးမျိုးရိုး၏ ပဏာမသမီးတော်၊ ဖြူစင်၊ ရိုးသား၍ အလိမ်အညာခံရလွယ်သော၊ မင်းသားသင်းအား ရူးရူးမိုက်မိုက်ချစ်ကြိုက်မိသူ သူမ သူ့ဇနီးမယားအရာရအောင် ကြိုးပမ်းခဲ့သည်။ သူ့အား ခြောက်နှစ်တိုင်ကူညီပေးခဲ့ပြီးနောက် သူမ တစ်လောကလုံး၏ မိခင်ဖြစ်လာတော့သည်။ တိုင်းပြည်...