၄၇။ အနီကို မြင်

9.9K 1.4K 97
                                    

၄၇။ အနီကို မြင်

Burmese translation of {Rebirth of Malacious Empress of Military Lineage}

[Translator - No_Coz]

___________________________________

"သတ်မှတ်ထားတာကို မလိုက်နာတဲ့သူကို မယုံကြည်ထိုက်ဘူး... ယုံကြည်ကြမှာ မဟုတ်ဘူး... ဒီစည်းမျဉ်းတွေကို ချိုင်လင်ကပဲ သတ်မှတ်ခဲ့တာ... အခု သင်က ကန့်ကွက်လာတယ်ဆိုတော့... နန်းတွင်းညီလာခံအရေး ရုံးတော်အရေးဆောင်ရွက်ရာမှာလဲ ဒီလိုလုပ်တတ်တယ်ဆိုတဲ့သဘောလား ချိုင်တာ့ရန်... အခြေအနေက ကိုယ့်အတွက်မဟန်တာနဲ့ပဲ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်လိုက်တော့မှာလား..."

"ခုနက ချိုင်လင် ပြောခဲ့တယ်... 'ကွမ်ဝမ့်ထန်က ဘယ်သူ့ဘယ်သူကိုမှ မျက်နှာလိုက်ရိုးထုံးစံမရှိတဲ့... စိန်ခေါ်သူက စည်းမျဉ်းသတ်မှတ်နိုင်တယ်လို့လဲ ဖော်ပြထားတာပဲလေ... ဒီတော့ ဘာကြောင့်များလဲ... မြင့်မြတ်ဂုဏ်ရှိန်ကြီးမားလှပါတယ်ဆိုတဲ့ မဟာစစ်သူကြီးရဲ့ ချစ်သမီးက မပြိုင်ရဲတဲ့ သတ္တိကြောင်သူလေးလား'တဲ့လေ..."

သူ့စကားတွေကို သူမ နားမှာ စွဲမြဲနေသကဲ့သို့ ရှန်းမြောင်က တစ်လုံးမကျန် ချိုင်လင်ပြောခဲ့သည့်အတိုင်း ပြန်ပြောလိုက်လေသည်။ ချိုင်တာ့ရန် ပါးအရိုက်ခံလိုက်ရသလို စပ်ဖျဉ်းသွားပြီး ချိုင်လင်လည်း ဆွံ့အသွားမိတော့သည်။

"စည်းမျဉ်းတွေကို နင်ပဲ သတ်မှတ်ခဲ့တာ... အခု နင်ကပဲ စည်းကမ်းဖောက်ဖျက်ချင်နေပြန်တယ်... ကိုယ့်ပါးစပ်က ထွေးထုတ်ပြီးသား တံတွေးကို ပြန်မြိုလို့ရလို့လား... မင်ချီက တာ့ရန်တွေအကုန်လုံးက သင်တို့ ချိုင်သားအဖလိုပဲလား..." သူမ စကားလုံးများက ထက်ရှနေပြီး အညာအတာမဲ့စွာ ဝေဖန်ပိုင်းခြား သာဓကပြသွားနိုင်သဖြင့် ချိုင်တာ့ရန်တစ်ယောက် ချွေးစေးများပင် ပြန်လာရတော့သည်။

ယနေ့ပွဲတော်မှာ အရာရှိအရာခံ လုပ်ဖော်ကိုင်ဖက်များစွာ တက်ရောက်လာကြသည်။ သူ့ရန်ဘက်များ၊ မိတ်ဖက်များပါ ရှိကြသည်။ ရှန်းမြောင်စကားတို့ တစ်ပါးသူ နားသို့ ရောက်သောအခါ မည်သို့မည်ပုံ တွေးထင်ခံရမည်ကို မသိနိုင်၊ ထိုမျှမက တော်ဝင်မိသားစုဝင် မင်းညီမင်းသားများလည်း ရောက်ရှိနေသေးသည်။ ဤစကားများကြောင့် တော်ဝင်မိသားစု၏ သံသယနိုးကြွလာခဲ့လျင် ချိုင်လင် မဆိုထားနှင့်၊ ချိုင်မိသားစုတစ်ခုလုံး နစ်နာထိခိုက်ကြေပျက်သွားနိုင်လေသည်။

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now