၁၂၇။ အဆွေဟောင်းနှင့် ပြန်ဆုံခြင်း

3.8K 610 81
                                    

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage by Author Qian Shan Cha Ke

Translator - Edge, No Cause

၁၂၇။ အဆွေဟောင်းနှင့် ပြန်ဆုံခြင်း

အပြန်လမ်းတွင် ရှန်ရှင်းနှင့် လော့ရွှယ်ယန်က ဘာမှမပြောခဲ့ပေ။ သူတို့က အပေါ်ယံတွင် အလွန်စိတ်အေးလက်အေး ရှိနေသော သွင်ပြင်ကို ပြရန် ခက်ခက်ခဲခဲ လုပ်ဆောင်ခဲ့ကြသည့်တိုင် အဆုံးတွင်မူ တုန်လှုပ်မှုအချို့ကို ထုတ်ပြမိလာသည်။ ရှန်ချိုးကလည်း သရုပ်ဆောင် မပီပြင်သောသူ ဖြစ်ပြီး လော့ထန်က လွတ်လပ်သော အကျင့်စရိုက်တစ်ခု ရှိသည့်တိုင် သူမကလည်း အခြေအနေ တစ်ခုခု မှားသွားမည်ကို စိုးသောကြောင့် စကားမပြောရန် သတိထားနေရသည်။

ဆိုရလျှင် မင်းသမီးမင်အန်းကို ရန်စခဲ့ခြင်းသည် ချင်တိုင်းပြည်၏ အိမ်ရှေ့စံကိုလည်း ရန်စခြင်း မည်ပေသည်။ ရှန်မိသားစုသည် ပြန်ရောက်ခါစတွင် လေလှိုင်းများ အကြမ်းတမ်းဆုံးနေရာဆီ တွန်းပို့ခံရသည်။ ယင်းက သူတို့နောက်ကွယ်တွင် မမြင်ရသည့်လက် ရှိနေပြီး ရှန်မိသားစုကို အမြဲတမ်း တွန်းထုတ်နေသလိုမျိုးပင်။ ရှန်ရှင်းနှင့် လော့ရွှယ်ယန်သည် နောင်တွင် ခက်ခဲလာမှာကို မစိုးရိမ်ပေ။ သို့သော် ယနေ့ ရှန်မြောင်က ရှေ့ထွက်ခဲ့ရသည်။ ထို့ကြောင့် မင်အန်း မင်းသမီးက ရှန်မြောင်ကို အလွန်မုန်းတီးပြီး သူမကို နှောင့်ယှက်ရန် လျှို့ဝှက် နည်းလမ်းများ သုံးလာမှာကို သူတို့ ကြောက်မိသည်။

ကိစ္စများက ထိုကဲ့သို့ ဖြစ်ပွားလာသောကြောင့် ရေက မြင့်တက်နေချိန်တွင် မြေကြီးကို သုံးပြီး ထိန်းထားရမည်ဖြစ်ရာ စစ်သားများ လာသည့်အချိန်၌ စစ်သူကြီးတစ်ဦးကို သုံးကာ သူတို့ကို ထိန်းထားနိုင်ပေမည်။ သူသည် ရှန်မြောင်ကို ပိုတောင် ကာကွယ်ပေးနိုင်ပြီး မည်သည့် ပြစ်ချက်မှာ ရှိမှာ မဟုတ်ပေ။

အိမ်တော်သို့ ပြန်ရောက်သည့်အချိန်တွင် ရှန်မြောင်က သူမ၏ ခြံဝင်းသို့ ပြန်ကာ သန့်စင်ပြီးနောက် အတော်လေး နောက်ကျနေပြီဖြစ်သည်။ သူမက ဆီမီးအိမ်ကို မီးညှိလိုက်၏။ ကူယွီက သူမ အနားယူရန် ရည်ရွယ်ချက် မရှိတာကို မြင်သောအခါတွင် သူမက ပြောလိုက်သည်။

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now