၅၁။ တစ်ဦးတည်းနှင့်. . .

10.5K 1.4K 39
                                    

၅၁။ တစ်ဦးတည်းနှင့်. . .

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage

Translator - No Cause

-

"တတိယညီငယ်... မင်းပါ တက်လာပြီး လာပြိုင်လေ..."

ရှဲ့ကျင်းရှင်းထံမှ ဤစကားကို ကြားလိုက်ရတော့ ပရိသတ်များအကြားမှ ရှဲ့ချန်းချောင်လည်း အံ့ဩသွားရတော့သည်။

အစောပိုင်းက ရှဲ့ကျင်းရှင်း ရုတ်တရက်ထွက်လာသည်ကို သူတွေ့တော့ သာမာန်လူတို့နှင့် အတွေးအခေါ်အမြင်မတူသော သူ့အစ်ကိုသည် ရှန်းမြောင်ကို အခက်အခဲကြားမှ ကယ်တင်ရန် လာခြင်းဖြစ်သည်ဟုသာ သူ ထင်ခဲ့မိသည်။ သို့သော် ယခု ရှဲ့ကျင်းရှင်း၏ စကားလုံးများက သူ့အား မင်သက်သွားစေသည်။ စင်ပေါ်တက်၍ စိန်ခေါ်သူက ရှဲ့ချန်းဝူ၊ သူ မဟုတ်၊ သို့ဖြစ်ရာ သူနှင့် မည်သို့ ပတ်သက်သွားရသနည်း။
ယခု တိုင်တောအားကိုးစရာ ရှဲ့တင်းကလည်း မရှိတော့ ရှဲ့ချန်းချောင်မှာ ရှဲ့ချန်းဝူကိုသာ တီးတိုးကပ်မေးရတော့သည်။ "ဒုတိယအစ်ကို. . . ဘာတွေဖြစ်ကုန်တာလဲ..."

ရှဲ့ချန်းဝူမှာ ရှဲ့ချန်းချောင်ထက်ပို၍ ပါးနပ်ဉာဏ်များသောကြောင့် ရှဲ့ကျင်းရှင်း၏ စကားတို့မှာ ဒေါသသံစွက်နေသည်ကို ကြားမိလေသည်။ ရှဲ့ကျင်းရှင်းက စိန်ခေါ်လိုသည်၊ သို့သော်လည်း သူတစ်ယောက်တည်းနှင့် မလုံလောက်ဟုဆိုကာ ရှဲ့ချန်းချောင်ကိုပါ ဆွဲထည့်လေသည်။ ဒါက ဘာသဘောလဲ. . . သူတို့ ညီနောင်နှစ်ဦးကို အရှက်တကွဲဖြစ်စေလို၍သာ ဖြစ်မည်။ သို့သော်လည်း ရှဲ့ကျင်းရှင်းက သူတို့ညီအစ်ကို နှစ်ဦးစလုံးပေါင်းလျင်ပင် သူ့ ပြိုင်ဘက်မဟုတ်သေးဟု တွေးခြင်းက မောက်မာကြီးကျယ်ရာကျလေသည်။

ရှဲ့ကျင်းရှင်းကြောင့် စိတ်အလိုမကျဖြစ်လာရသော ရှဲ့ချန်းဝူမှာ တည်ငြိမ်နေနိုင်ခြင်းမရှိတော့။ သူ့မျက်နှာထားလည်း မသာယာနိုင်တော့၊ သူ့မျက်မှောင်ကျုတ်ထားခြင်းက ဒေါသကို ဖော်ပြညွှန်းနေလေသည်။ "အစ်ကိုကြီးက ဒီလိုပြောဖို့ဆိုတာ နည်းတဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှု မဟုတ်ပါလား. . . ကျနော်တို့လို ညီငယ်လေးတွေဘက်တောင် မစဉ်းစားပေးတော့ဘူးလား..."

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now