၁၉။ အလွန် ခံညားသော လူငယ်

8.9K 1.2K 10
                                    

၁၉။ အလွန် ခံညားသော လူငယ်

Burmese translation of {Rebirth of Malacious Empress of Military Lineage}

Translator - Vipvkook

___________________________________

"မင်းကိုး……"

အလွန် ခံ့ညားသော လူငယ်တစ်ယောက် ဝါးတောထဲမှ ထွက်လာသည်။ သူသည် ငွေခြည်ထိုးထားသော ဆင်စွယ်ရောင် ဝတ်ရုံကို ဆင်မြန်းထားသည်။ မျက်စိရှေ့က ပေါက်စီလေးထက် စာလျှင် အတော်ပင် ရည်ရည်မွန်မွန် ရှိသည်။ လူငယ်သည် ရှန်းမြောင်ရှေ့သို့ လျှောက်လာပြီး ရပ်လိုက်သည်။ ထို့နောက် သူမအား စူးစမ်းသလို ကြည့်နေသည်။

အဆိုပါ လူငယ်သည် အရပ်အလွန်ရှည်ပြီး ရှန်းမြောင၏ အရပ်သည်ပင် သူ၏ ရင်ဘတ်နားတွင် ရပ်နေသည်။ ကလေးတစ်ယောက်ကို ကြည့်နေသကဲ့သို့ သူ၏ နှုတ်ခမ်းစွန်းတွင် ထိန်းမနိုင် သိမ်းမရ ဖြစ်ဟန်တူသော လှောင်ပြုံးတစ်ခု ပေါ်နေသည်။ သို့သော် သူ၏ အလွန်တရာမှ ချောမောသော ရုပ်ရည်ကြောင့် 😒 စော်ကား ပုတ်ခတ်လိုသော အရိပ်အယောင်တော့ မထင်ပေ။ ယခုချိန် လူငယ်ရှေ့တွင် သာမန် မိန်းကလေး တစ်ယောက် ရပ်နေပါလျှင် သူမ၏ နှလုံးခုန်သံ မြန်လာနိုင်ပြီး နားရွက်များပင် ရဲကောင်းရဲနိုင်သည်။

သို့သော် ရှန်းမြောင်သည် သာမန် မိန်းကလေးတစ်ယောက် မဟုတ်ပေ။ သူမရှေ့မှ လူငယ်အား တစ်ချက် ကြည့်လိုက်ပြီး စကားတစ်ခွန်းမျှ မဟပေ။

လူငယ်၏ နှုတ်ခမ်းစွန်းများ ကော့တက်သွားပြီး ရုတ်တရပ် သူ့လက်ထဲသို့ ခေတ်ဆန်ဆန် ဓါးတိုတစ်ချောင်း ရောက်လာသည်။ ဓါးရိုးကို သူ့ဘက် လှည့်ထားပြီး ဓါးသွားကို သုံးကာ ရှန်းမြောင်၏ မေးစေ့ကို ပင့်တင်လိုက်သည်။

(Vip: မတော်တဆ ခြစ်မိရင်တော့လား 😤)

ရှန်းမြောင်တွင် ရွေးချယ်စရာ မရှိတော့ပဲ တစ်ဖက်လူကို မော့ကြည့်လိုက်သည်။

လူငယ်သည် ဆယ်ကျော်သက် အရွယ်သာ ရှိသော်လည်း သူ၏ မျက်ခုံးများက လေးကိုင်းသဖွယ် သွယ်တန်းနေသည်။ သူ၏ မျက်လုံးများက နွေဦး၏ ကန်ရေပြင်လိုပင် တောက်ပပြီး ရွေ့လျားနေသည်။ သို့သော် သူ၏ မျက်ဝန်းသည် တစ်ဖက်လူ ကြောက်စိတ်ဝင်လောက်အောင် အေးစက်နေသည်။ ထို့အပြင် တစ်ဖက်သား၏ စိတ်နှလုံးအား ဖောက်ထွင်းမတတ် စူးရှလွန်းသည်။ လူငယ်၏ အကြည့်များသည် ရေခဲတောင်လိုပင် အေးစက်သည်။

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now