၂၇။ ပထမအဆင့်မင်းသားယွီ

9.5K 1.1K 15
                                    

၂၇။ ပထမအဆင့်မင်းသားယွီ

Burmese translation of {Rebirth of Malacious Empress of Military Lineage}

Translator - Twinkle (a) kktwinklestar

___________________________________

ရှန်းမြောင်...?

ဖုန်အန်းနဉ်သည် သတိလက်လွတ်ငေးနေမိသည်။ ရှန်းမြောင်နှင့် သူမသည် ကွမ်းဝမ်ထန်တွင် သာမန်နေ့များ၌ တစ်စားပွဲတည်း၌အတူထိုင်ကြသူတွေမှန်း ရှင်းရှင်းလင်းလင်းသိကြသည်။ သူမက ရှန်းမြောင်ဆိုတာကျိန်းသေတယ် မှားစရာကိုမရှိတာ...

ဒီရက်တွေမှာ ရှန်းမြောင်ရဲ့အပြုအမူတွေက အလွန်အမင်းတည်ငြိမ်လွန်းလှတယ်။ အကယ်၍သူမသည် တည်ငြိမ်အောင်ကြိုးစားနေရင်တောင် ရှန်းယွဲ့ ရှန်းချင်းတို့နောက်မလိုက်ဘဲ အသိမဲ့စွာမပြောဆိုဘဲ ကြာကြာနေနိုင်လိမ့်မှာမဟုတ်ဘူး။ ဒါကြောင့် သူမရဲ့တိတ်ဆိတ်နေခြင်းက အဆိုးကြီးတော့မဟုတ်ပါဘူး။ ဖုန်အန်းနဉ်သည် ရှန်းမြောင် ပိုပြီးဉာဏ်ကောင်းလာတယ်လို့ထင်ခဲ့သော်လည်း ယခုလိုအခမ်းအနားနဲ့ကိုက်ညီတဲ့ဝတ်စုံ ဝတ်ဆင်လာလိမ့်မယ်လို့တော့မထင်ခဲ့ဘူး။ သူမသည်အားလုံးကိုအံ့ဩစေခဲ့သည်။

သူမရေထဲကျပြီး ပြန်လည်သက်သာလာပြီးသည့်နောက် သူမပို၍ပိန်ပါးလာသည်။ သာမန်အားဖြင့် သတိမထားမိနိုင်ပေမယ့် ဒီနေ့မှာတော့ သူမရဲ့မေးရိုးက အနည်းငယ်ပိုပြီးချွန်နေသည်။ အဲ့ဒါက သူမရဲ့ ၁၁ နှစ် ၁၂ နှစ်အရွယ်သွင်ပြင်ကို ၁၄ နှစ်အရွယ် လှပတဲ့အရွယ်ကောင်းအသွင်ပြောင်းသွားစေသည်။

ဤသည်က အသိုက်ထဲမှာအိပ်နေတဲ့အကောင်ပေါက်လေးက နောက်ဆုံးမှာနိုးလာပြီး ပထမဆုံးအကြိမ်လက်သည်းထုတ်ပြလိုက်သည်နှင့် သွားတူနေသည်။

ဖေ့ရှုကိုင်းသည်လည်း ပွဲ၏အမျိုးသားများရှိသည့်အခြမ်းတွင်ရှိနေသည်။ သူသည်ကွမ်ဝမ့်ထန်၏ဆရာလည်းဖြစ်သလို အုပ်ချုပ်ရေးအသိုင်းအဝိုင်းတွင်လည်း အဆင့်အတန်းတစ်နေရာရှိသည့်အတွက် ထူးချွန်ထက်မြတ်တဲ့သူ့ကို လူတိုင်းကလေးစားကြသည်။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အခုလိုထူးချွန်တဲ့သူသည် အုပ်ချုပ်ရေးပိုင်းသို့ဝင်လာပါက ရာထူးတစ်နေရာရမည်မှာမလွဲမသွေပင်ဖြစ်သည်။ အုပ်ချုပ်ရေးပိုင်းကလူတွေက ထူးချွန်ရုံသာမက သူတို့၏ရာထူးတက်လမ်းဖြောင့်စေရန် အုပ်ချုပ်ရေးပိုင်းသို့မဝင်သေးသော ဆရာဖေ့လိုလူတောင်မှ ဘယ်လိုလုပ်ရမလဲသိကြတယ်။

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now