၅၅။ အော်ဂလီဆန်စရာ ယုတ်မာမှုတွေ...

8.9K 1.3K 22
                                    

၅၅။ အော်ဂလီဆန်စရာ ယုတ်မာမှုတွေ...

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage

Translator- Vipvkook

____

ရန်ဝမ်ယွမ်ရဲ့ ဆိုလိုရင်းကို နားမလည်လောက်တဲ့အထိ ရှန်းသခင်မကြီး မတုံးသေးပါဘူး။ ကြည့်ရတာ မင်းသားယွီဆိုတဲ့ လူက မကောင်းဆိုးဝါးဖြစ်ပုံပဲ။ ရှန်းမြောင်သာ သူ့လက်ထဲမှာ ဘဝပျက်သွားရင်...အပေါ်ယံ ဂုဏ်က ရှန်းမြောင်အတွက် ဆိုပေမယ့် တစ်ကယ့် အကျိုးအမြတ်က သူတို့လက်ထဲ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာမှာ...ရှန်းယွမ်ပေါက ရှန်းသခင်မကြီးရဲ့ ရတနာပဲ...ယွမ်ပေါရဲ့ အနာဂတ်လမ်းမှာ ရှန်းမြောင်ကို ချနင်းသွားမယ်ဆိုရင်...ဒီထက် ပိုကောင်းတဲ့ အကြံမျိုး မရှိတော့ဘူး။

"ဒီလိုဆိုတော့လဲ...ချွေးမ ၁ ပြောတာ မဆိုးလှဘူး...မင်းသားယွီက ရှန်းမြောင်ရဲ့ ခင်ပွန်းဖြစ်ဖို့ ထိုက်တန်တယ်။"

အရှက်မရှိလိုက်တဲ့ မိန်းမ...ချန်ရော့လျို မျက်ဝန်းတွင် အထင်အမြင်သေးခြင်းများ ထင်ဟပ်သွားသည်။

"အမေလည်း အဲ့လိုပဲ ထင်တယ်မလား...ဟင်းဟင်း..."

ဘယ်လိုတောင် အရှက်မရှိတာလဲ...သူတို့ ပါးစပ်မို့ ဒီလို စကားမျိုး ပြောထွက်တယ်။

"အစ်ကိုကြီးတို့အတွက်ဆို ပဉ္စမလေးရဲ့ ခင်ပွန်းလောင်း အဆင့်အတန်းက နိမ့်လို့ ဘယ်ဖြစ်မလဲ။ ပထမ အဆင့် မင်းသား ဆိုတာ သိပ်ကို မြင့်တဲ့ မျိုးရိုးပဲ..."

ရှန်းသခင်မကြီးသည် ခေါင်းကို တဆတ်ဆတ် ငြိမ့်လိုက်ပြီး ခဏမျှ စဉ်းစားဟန်ပြုကာ မေးလိုက်သည်။

"မင်းသားယွီ အိမ်က စေ့စပ်ကြောင်းလမ်းဖို့ လူလွှတ်လိုက်ပြီလား..."

ရန်ဝမ်ယွမ် မျက်နှာရှုံ့သွားသည်။ သူမလည်း ဒီကိစ္စကို အမြန် ဖြစ်မြောက်စေချင်တယ် ဆိုပေမယ့် ဒီအဘွားကြီးက တော်တော် လောတာပဲ...ရှန်းမြောင်ရဲ့ မင်္ဂလာကိစ္စက အမြန်ဆုံးပြီးလေ ကောင်းလေပဲ...အကယ်၍ ရှန်းမြောင်သာ ရှန်းရှင်ကို မြို့တော် ပြန်လာဖို့ အခေါ်လွှတ်ခဲ့ရင် သူမတို့ ကြံစည်သမျှ သဲထဲရေသွန် ဖြစ်တော့မည်။ မင်္ဂလာကိစ္စ အကုန် စီစဉ်ပြီးလျှင်တောင် ရှန်းရှင်ဘက်က မရရအောင် ပွဲဖျက်လိမ့်မည်။ ထို့ကြောင့် သူမတို့ဘက်က နည်းနည်းတော့ ညစ်ပတ်ဖို့လိုမည်။

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now