၁၂၅။ ယှဉ်ပြိုင်အောင် တွန်းအားပေး

3.5K 584 37
                                    

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage by Author Qian Shan Cha Ke

Translator - No Cause, Edge

၁၂၅။ ယှဉ်ပြိုင်အောင် တွန်းအားပေး 

အခမ်းအနား ညစာစားပွဲတွင် အပျော်အသောများ ပြည့်နှက်နေပြီး လူတိုင်းက တစ်ဦးကို တစ်ဦး ဂုဏ်ပြုရင်း ခွက်တိုက် သေရည်ဖလှယ်နေကြလေသည်။ အခြေအနေအရပ်ရပ်ကပဲ ငြိမ်းချမ်းနေသယောင် ရုတ်တရက် ထင်သွားရစေသည်။ အထူးဧည့်သည်တော်များ အကန့်တွင်မူ ဝန်ဟွေ့ဧကရာဇ်သည် ချင်တိုင်းနယ်၏ အိမ်ရှေ့စံတစ်ဖြစ်လဲ ကြောက်စိတ်ကို ချိုးနှိမ်နေရဟန်ရှိသော ဟွမ်ဖူဟောက်နှင့် စကားစမြည်ဆိုနေသည်။ ဤအခြင်းအရာကို အခြားသူများ တွေ့ကြသောအခါတွင် အခြေအနေကို ရိပ်မိသိရှိကြလေသည်။

ချင်၊ တာ့လျန်၊ မင်ချီဟူသော သုံးပြည်ထောင်အနက် မင်ချီသည် အင်အားအနည်းဆုံးဖြစ်ပြီး အလယ်အလတ်တွင် ချင်တိုင်းနယ်ရှိကာ တာ့လျန်ကတော့ အင်အားအကြီးဆုံး ဖြစ်လေသည်။ တာ့လျန် ဧကရာဇ် ယုံလဲ့၏ အပြုအမူများမှာ အမြဲ ပြတ်သားမြန်ဆန်တတ်သောကြောင့် ချင်တိုင်းနှင့် မင်ချီတို့ ရတက်မအေးနိုင်ဖြစ်ခဲ့ရလေသည်။ ထို့ကြောင့်လည်း ၎င်းတို့သည် တာ့လျန်၏ ဤလွေ့ဝမ်ရယ်အပေါ် အလွန်တရာ လေးစားရိုသေ​ပြကြရလေ၏။ ဟွမ်ဖူဟောက်ဆိုလျှင် မင်းသားလွေ့နှင့် စကားပြောရင်း သူ၏ သဘောထားကို အရိပ်အချည်တီးခေါက်နေရသေးသည်။

အမျိုးသမီး ဧည့်သည်အများစု၏ မျက်လုံးများကတော့ ဤမင်းသားလွေ့၏ လားရာဘက်သို့သာ ရောက်နေတတ်တော့သည်။ မင်းသားလွေ့၏ ကိုယ်ဟန် အမူအရာတိုင်း၊ လှုပ်ရှားမှုတိုင်းက ၎င်းတို့၏ နှလုံးဟာဒယကို ရွှင်စေသည်။ မျက်စိပဓာသကို ဖြစ်စေလေသည်။ မင်ချီပြည်၌ ဖုရှိုးယီကဲ့သို့ ထူးချွန် ထက်မြက်သော ယောက်ျားသား မရှား။ သို့သော် လွေ့ဝမ်မင်းသား ရှေ့မှောက်၌မူ အနှီထက်မြက်ပါဘိဟူသော ယောက်ျားသားများမှာ လွေ့ဝမ်လောက်မှ ကျက်သရေ မရှိ၊ မတင့်တယ်၊ မမြင့်မြတ်တော့သယောင်ယောင်။ မှေးမှိန်သွားကြကုန်တော့၏။

လော့ထန်သည်လည်း လူလှလှများကို သဘောကျနှစ်သက်တတ်သော်ငြား လေဟုန်ကဲ့သို့ အပြောင်းအလဲမြန်သော စိတ်သဘာဝရှိသဖြင့် များမကြာမီမှာပင်၊ သူမ၏ စိတ်အာရုံက အချိုပွဲနှင့် ဟင်းကောင်း လက်ရာများဆီရောက်သွားတော့လေသည်။ ထို့နောက်တော့ ဟိုပွဲ မြည်းစမ်းလိုက်၊ ဒီပွဲ အရသာခံလိုက် လုပ်နေတော့၏။

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now