၆၄။ ရှန်းအိမ်တော်ကို ပြန်ကြပြီ... (၂)

9K 1.4K 38
                                    

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage

Translator - Vipvkook

၆၄။ ရှန်းအိမ်တော်ကို ပြန်ကြပြီ... (၂)

____

အကယ်၍ တစ်စုံတစ်ယောက်သည် ပို၍ အနီးကပ် ကြည့်ပါလျှင် ပိုခြောက်ခြားစရာ ကောင်းသည်များကို တွေ့နိုင်သည်။ ရှန်းကျင်း၏ မျက်နှာမှာ ယောင်ကိုင်းနေပြီး ဒဏ်ရာများက နက်ရှိုင်းသည်။ သူမ ခန္ဓာကိုယ်ကို ကြည့်လျှင် ဒဏ်ရာ မရှိသော သန့်ရှင်းနေသည့် နေရာဟူ၍ မရှိ။ သူမ၏ လက်တစ်ဖက်မှာ ပျော့ခွေနေပြီး မူမမှန်သော ပုံစံမျိုးနှင့် ကွေးညွှတ်နေသည်။ အဲ့ဒါက...ကျိုးပဲ့သွားပြီ။

မင်းသားယွီသည် အမှန်တစ်ကယ်ပင် ရက်စက်ကြမ်းကြုတ်သူ ဖြစ်သည်။

သို့သော် ယခုအချိန်တွင် သူမ အမုန်းဆုံးလူမှာ သူမရှေ့တွင် အောင်နိုင်သူလို မတ်တပ်ရပ်နေသော ရှန်းမြောင်...

ဒီအရာတွေ အားလုံးက အဲ့ငတုံးမဆီမှာ ဖြစ်ရမှာ...ဘာလို့ သူမ ကျင်းအာက ခံစားရတာလဲ...ဒီအခြေအနေထိ ရောက်ပြီးမှတော့ ရှန်းကျင်း၏ ကျန်ရှိနေသော ဘဝသက်တမ်းမှာ အဖက်ဆယ်မရအောင် ရှိချေပြီ။ သူမ ရှန်းမြောင်ရဲ့ လည်ပင်းကို ချိုး၊ ရှန်းမြောင်သွေးကို သောက်ပြီး၊ ရှန်းမြောင် အသားကို စား၊ ရှန်းမြောင်ကို တစ်စစီ ဖျက်ဆီးရန် မစောင့်နိုင်တော့...

ဘယ်လိုပင်ဆိုဆို ရမ်ဝမ်ယွမ်သည် ရှန်းအိမ်တော် တစ်ခုလုံးကို စီမံခန့်ခွဲရသော အမျိုးသမီး ဖြစ်သည်။ ယခုလို အခြေအနေမှာပင် သူမကိုယ်သူမ ထိန်းချုပ်ပြီး မရူးနှမ်းသွားအောင် စိတ်ထိန်းနိုင်သည်။ သူမဘေးတွင် တစ်ချိန်လုံး ရှိနေသော ရှန်းလန်ကို တုန်ယင်နေသော အသံနှင့် အမိန့်ပေးလိုက်သည်။

"တောင်အောက်ကို ဆင်းဖို့ အခုချက်ချင်း လှည်းတစ်စီး သွားရှာ...."

"ဒါပေမယ့်...ဖူးရန်...မိုး အရမ်းသည်းနေပါတယ်...အခုချိန်မှာ တောင်အောက်ဆင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။"

ဝူလုံဘရားကျောင်း တည်ရှိရာ တောင်သည် အခြားသော တောင်များကြားတွင် နက်နက်နဲနဲ တည်ရှိနေပြီး လမ်းခရီးက ကြမ်းတမ်းသည်။ မိုးရွာပြီးနောက် ရွှံ့ထူကာ လှည်းများ အရှေ့သို့ မသွားနိုင်ပေ။ အကယ်၍ ယခုအချိန် တစ်စုံတစ်ယောက်သာ တောင်အောက်သို့ အတင်းအကျပ် ဆင်းမည်ဆိုလျှင် လမ်းခရီးတွင် မတော်တဆ ဖြစ်နိုင်သည်။

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now