၄၄။ သတ်ရဲလား

9.6K 1.3K 102
                                    

၄၄။ သတ်ရဲလား

Burmese translation of {Rebirth of Malacious Empress of Military Lineage}

[Translator - Twinkle]
Bonus chapter - Because kktwinklestar worked hard.

___________________________________

ယန်ပေထန်ခန်းမကျယ်ထဲ ခဏလောက်တိတ်ဆိတ်​သွားခဲ့သည်​။

မိန်းကလေးငယ်က မားမားမတ်မတ် ရပ်နေခဲ့သည်။ မိန်းမငယ်၏ အသွင်​သဏ္ဍာန်က သေးသွယ်သော်လည်း အဆုံးအစမရှိသောစွမ်းအားများစီးဆင်းနေသကဲ့သို့ ထင်ရ၏။ သူမ၏ အပြုအမူတိုင်းက အရာရာ သူမ ဖဝါးအောက်မှာရှိနေသကဲ့သို့ ထင်ရစေသည်။

ချိုင်လင် တစ်​ခဏတော့ နှုတ်​ဆိတ်​သွားခဲ့သည်။

ရှန်းမြောင် ပြောတာက မမှား။ ယခုလို တစ်ယောက်တစ်လှည့် မြှားပစ်ရာမှာ အန္တရာယ်အများဆုံးက သူ။ အကြောင်းက ရှန်းမြောင်၏ မြှားပစ်စွမ်းရည်​မှာ မရှိသလောက် ညံ့ဖျင်းနေသောကြောင့်​။ အနည်းငယ်လေး လွဲချော်သွားလျင်​တောင် ထိုမြှားဟာ သူ့ဦးခေါင်းခွံကိုဖောက်ခွင်းသွားနိုင်သည်။ သို့သော်​လည်း ချိုင်လင်က ဒီလောက်အများကြီး မတွေးမိခဲ့။ သူက ရိုးရိုးလေးသာတွေးခဲ့သည်။ သူ မြှားပစ်အတတ်ကို ရွေးချယ်ခဲ့လျင် ရှန်းမြောင်၏ စရိုက်အရ သူမအလွန်ကြောက်လန့်ပြီး မျက်ရည်များရွှဲကာ မိမိ ခြေထောက်ပေါ်မိမိ ဆက်​ မရပ်တည်နိုင်အောင် အားနည်းပြီး သူ့ကိုအသနားခံလာမည်​ဟု တွက်​ဆခဲ့မိခြင်းဖြစ်​လေသည်။ နောက်​တော့ သူက ရှန်းမြောင်နှင့်​ တစ်ပွဲလောက်ပဲ ကစားပြီး ရှန်းမြောင်ကို မျက်နှာပျက် အရှက်​ကွဲရအောင်လုပ်မည်​။ သည်​နည်းအားဖြင့်​ ရှန်းယွဲ့၏ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မည်​ဟု။

ဒီလိုအဖြစ်​အပျက်​တွေ၏ နောက်​ဆက်​တွဲ အကျိုးတရားများကိုတော့ ချိုင်လင် ထည့်​မတွေးဖြစ်​ခဲ့။ သူ့စိတ်ထဲဝယ်​တော့ ရှန်းမြောင်က သူမ သဘာဝအတိုင်း ကြောက်လန့်သွားလိမ့်မည်​။ သို့ဖြစ်​သောကြောင့်​ သူ့ကိုမြှားပြန်ပစ်ဖို့ လေးတင်​ရန်​ပင်​ ဘယ်လိုလုပ်အားအင်တွေရှိတော့မည်​လဲ...။ ထပ်ပြီးတော့ အရင်က တစ်ခါမှလေးမတင်ဖူးသည့်​ မိန်းကလေးတစ်ယောက်အနေနှင့်​ သူမ လေးကြိုးကိုတောင် ကောင်းကောင်းဆွဲနိုင်မည်​ မဟုတ်ပေ။ ထိုအဖြစ်​က သူမကိုယ်သူမ အသိဉာဏ်မဲ့သည့်​ ပုံပေါ်နေစေလိမ့်မည်​။

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now