၆၄။ ရှန်းအိမ်တော်ကို ပြန်ကြပြီ...(၄)

10K 1.3K 64
                                    

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage

၆၄။ ရှန်းအိမ်တော်ကို ပြန်ကြပြီ...(၄)

Translator- Vipvkook

________

ကျင်းကျဲနှင့် ကူယွိမှာ တစ်ကိုယ်လုံး အေးစက်တောင့်တင်းသွားရသည်။ အစက သူတို့ နားမလည်ခဲ့သော ကိစ္စက အခုတော့ လုံးဝရှင်းလင်းသွားပြီဖြစ်သည်။ အဲ့ဒီလူက မင်းသားယွီဆိုတဲ့ တစ်ချက်နဲ့တင် သူတို့ အားလုံးကို နားလည်လိုက်ပြီ။ အစက မင်းသားယွီသည် ရှန်းမြောင်ကို စိတ်ဝင်စားမှု ရှိခဲ့ပုံရသည်။ ဒါဆိုရင် မင်းသားယွီဆိုတာ ဘယ်လို လူမျိုးပါလဲ။ သာမန်မိန်းကလေးများသည် လမ်းမှာ မင်းသားယွီနှင့် မျက်နှာချင်းဆိုင်တွေ့လျှင် နောက်တစ်လမ်းကိုသာ သူတို့ ရွေးချယ်လိမ့်မည်။ အကယ်၍ ရမ်ဝမ်ယွမ်သာ မင်းသားယွီနှင့် သဘောတူညီချက်တစ်ခုကို ပြုလုပ်ခဲ့မယ်ဆိုလျှင် မင်းသားယွီ၏ ရှန်းမြောင်ကို ဖျက်ဆီးရေး အကြံအထမြောက်အောင် ကူညီသူမှာ ရမ်ဝမ်ယွမ်ပင် ဖြစ်သည်။

အခုလို အခြေအနေ ကမောက်ကမဖြစ်မှုများနှင့် ရမ်ဝမ်ယွမ်သာ မင်းသားယွီကို အကျိုးအကြောင်းပြောပြီး ကူညီပေးပါရန် တောင်းပန်ခဲ့လျှင် မင်းသားယွီဘက်ကလည်း ရှန်းမြောင်၏ လှည့်စားမှုကြောင့် အခဲမကျေဖြစ်ကာ ရှန်းမြောင်ကို အလွတ်ပေးမည်မထင်။

"သခင်မလေး…ဒီလိုဆိုရင် သခင်ကြီးဆီကို အကျိုးအကြောင်း စာလွှာ ပို့သင့်ပါပြီ။"

ကျင်းကျဲနှင့် ကူယွိမှာ အပြင်းအထန် တုန်လှုပ်နေတော့သည်။

မင်းသားယွီမှာ ရှန်းမြောင် ထိပ်တိုက်တွေ့နိုင်လောက်အောင် အင်အားမရှိပေ။ နောက်ခံအင်အားနှင့် စိတ်ဓာတ်ပျက်စီးယိုယွင်းမှုအပြင် တော်ဝင်မိသားစုကပါ မင်းသားယွီ၏ နောက်တွင် ရှိသည်။

"မလိုဘူး။"

ရှန်းမြောင်၏ မျက်လုံးများက ထူးဆန်းနက်နဲစွာ တောက်ပနေတော့သည်။

"ရှန်းကျင်းက ငါ့အတွက် ဟာသပဲ။ ငါတစ်ကယ် ထိပ်တိုက်ဆိုင်ချင်နေသူက မင်းသားယွီပဲ…"

ဆုတောင်းခန်း၏ မျက်နှာကျက်သို့ တွန့်ကာလိမ်ကာ တက်သွားသော အမွှေးတိုင် အငွေ့များကို ရှန်းမြောင် လှည့်ကြည့်လိုက်သည်။ ဝမ်ယု…မင်းဘဝက အရမ်းကို ခက်ခဲခဲ့ပြီး ပန်းတစ်ပွင့် ကြွေသလို လွယ်လွယ်လေး ပျက်သုံးခဲ့ရတယ်။ မင်းသမီးဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုသာ သမီးရဲ့ နာမည်ရှေ့ ပိုခဲ့ပေမယ့် တောနက်ထဲက မြက်ရိုင်းပင်တွေတောင် သမီးလောက် နင်းခြေခံရမှာ မဟုတ်ဘူး။ အမေ ဘာမှ မတတ်နိုင်ခဲ့တာ တောင်းပန်ပါတယ်ကွယ်။ အနည်းဆုံးတော့ အခုအချိန်၊ ဒီဘဝမှာတော့ သမီးခံစားခဲ့ရတဲ့ နာကျင်မှုတွေ၊ ဆုံးရှုံးခဲ့ရတဲ့ အရာတွေအတွက် အမေ လက်တုံ့ပြန်ပေးပါ့မယ်။

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now