၈၃။ အိမ်တော်တစ်ခုလုံးကို အမြစ်ပြတ်သုတ်သင်/ က

4.6K 798 2
                                    

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage by Author Qian Shan Cha Ke

Translator - No Cause, Edge

၈၃။ အိမ်တော်တစ်ခုလုံးကို အမြစ်ပြတ်သုတ်သင်/ က

လက်ဖက်ရည်ခန်းထဲတွင်တော့ ကျီယွီရှုတစ်ယောက် ရုတ်တရက် သဘောပေါက်လာမိလေသည်။ စောစောပိုင်းက ရှန်မြောင်သည် သတင်းတစ်ခု ဖန်တီးလိုသည်ဟု ပြောခဲ့ပြီး အနှီသတင်းမှာ မင်းသားယွီအိမ်တော်ကို ဦးတည်တိုက်ခိုက်သော သတင်းဖြစ်နေသည်။ တစ်ပြိုင်နက်တည်း ချန်အိမ်တော်သို့ ရောင်းသော သတင်းမှာလည်း မင်းသားယွီအိမ်တော်နှင့် ပတ်သက်နေပြန်၏။ ဤသည်မှာ မင်းသားယွီအိမ်တော်ကို ရန်စွယ်များအောင် ပြုလုပ်နေခြင်း မဟုတ်ပါလား။ ကောင်းယန် ပြောသည်မှာ မှန်နေပုံရသည်။ ရှန်အိမ်တော်နှင့် မင်းသားယွီအိမ်တော်မှာ အမုန်းတရားကြီးမားစွာသော အငြိုးရှိနေသည့်အတွက် ရှန်အိမ်ဘက်က မင်းသားယွီကို ထောင်ချောက်ဆင်ထားပြီး ဒုက္ခရောက်အောင် စောင့်နေကြခြင်းဖြစ်သည်။ သို့သော် ကျီယွီရှု တွေးမိလေလေ၊ ပို၍ စိတ်နောက်လာမိလေလေဖြစ်တော့၏။ ပိုင်ရှောင်ရှန်းသို့ လာရောက်ပြီး အပေးအယူလုပ်ကြသူများမှာ သတင်း ဖလှယ်ရန်အတွက်သာ စိတ်ရင်းရှိကြလေသည်။ မိမိတို့အသုံးဝင်မည့် သတင်း ဖလှယ်နိုင်သော နေရာတစ်ခု ရှိနေသောကြောင့် ဝမ်းသာတတ်ကြလေသည်။ မင်းသားယွီအိမ်တော်ကို တိုက်ခိုက်ဆန့်ကျင်ရန် ချန်အိမ်တော်ကို သွေးဆောင်ဖို့အတွက်နှင့် ပိုင်ရှောင်ရှန်းကို အသုံးချသည့် ရှန်မြောင်၏ လုပ်ရပ်မျိုး မည်သူမျှ မလုပ်တတ်ကြပေ။

သို့သော် ကျီယွီရှု တွေးနေမိသည်မှာ ကျန်းနန်၏ ချန်အိမ်တော်က ကြီးမားသန်မာသည့်တိုင်အောင် မင်းသားယွီအိမ်တော်မှာလည်း နှစ်ပေါင်းမနည်း နာမည်ဆိုးဖြင့် ကျော်ကြားနေသော အိမ်တော်ဖြစ်လေသည်။ ပြည့်ရှင်မင်း၏ ကာကွယ်မှုကိုလည်း ရထားသေးသည်။ ထို့ကြောင့် သွေးကြွေးကြီးကြီးမားမား ရှိသည်မဟုတ်ပါလျှင် မည်သူကမှ အန္တရာယ်တောအတွင်း တိုးဝင်ကြမည် မဟုတ်ချေ။

"ရှန် သခင်မလေး ပြောတာ အမှန်ပဲလား" ချန်ယွဲ့ရှန်၏ စကားများက လေးလံနေသည်။ မင်းသားယွီ၏ မကောင်းသတင်းများကို လူတိုင်းသိကြသည်။ ချန်အိမ်တော်၏ ညီအစ်မနှစ်ယောက်သာ မင်းသားလီ၏ လက်တွင်း သက်ရောက်နေသည်မှာပါက အဆုံးသတ်ကို ခန့်မှန်းကြည့်၍ပင် ရနိုင်သည်။

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now