၁၀၁။ ယစ်မူး

4K 623 27
                                    

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage by Author Qian Shan Cha Ke

Translator - Edge, No Cause

၁၀၁။ ယစ်မူး

ရှန်မိသားစု စားသောက်ပွဲက နှစ်ရက်ကြာပြီးနောက် ကျင်းပမှာဖြစ်သည်။

စားသောက်ပွဲကို ရှန်လောင်ဖူးရန် ကိုယ်တိုင် အကြံပြုခဲ့တာ ဖြစ်သည်။ ယခင်နှစ်စဉ် စားသောက်ပွဲများကို ရမ့်ဝန်ယွင်တစ်ဦးတည်းသာ အမြဲတမ်း စီစဉ်ခဲ့တာ ဖြစ်ပြီး ယခုနှစ်တွင်မူ ချန်ရော့ချိုးက စီမံတာပဲဖြစ်သည်။ ယခုမူ ရှန်မိသားစု၏ စီမံခွင့်က ချန်ရော့ချိုးလက်တွင်း ကျရောက်သွားပြီ ဖြစ်သည်။ ရှန်လောင်ဖူးရန်က ယင်းသည် ချန်ရော့ချိုးကို မျက်နှာသာပေးတာဟု ခံစားမိပြီး ခမ်းနားသော သွင်ပြင်နောက်ကွယ်၌ တစ်စုံတစ်ယောက်ကို ဒုက္ခရောက်စေမည်ဆိုတာကိုတော့ မသိခဲ့ပေ။

ချိုးရွှေ့ယွမ်တွင် ချန်ရော့ချိုးက စားပွဲရှေ့တွင် ထိုင်လျက် လက်တစ်ဖက်က စာရင်းစာအုပ်ကို ကိုင်ထားပြီး ကျန်တစ်ဖက်က ပေသီးဖြင့် တွက်ချက်နေတော့သည်။ အနောက်တွင် ရပ်နေသည့် အစေခံနှစ်ယောက်က “ဖူးရန် တစ်နေခင်းလုံး တွက်ချက်နေတာ၊ ခဏလောက် အနားယူလိုက်ပါအုံးလား”

“ပိုက်ဆံက ပိုမလာနိုင်တဲ့ပုံပဲ” ချန်ရော့ချိုးက စိတ်ဓာတ်ကျကျဖြင့် ခေါင်းခါပြီး “မနက်ဖြန်ကျ လျန်ဆီ ကုန်ကျစရိတ်အကုန်လုံးက ငါ့အိတ်ထဲကပဲ ထွက်ရမှာ” သူမက ပြောနေစဉ် မျက်နှာပေါ်၌ ဒေါသ အရိပ်အယောင်များ ပေါ်လာသည်။

ချန်ရော့ချိုးသည် သူမကိုယ်သူမ ပညာတတ်မိသားစုမှ အထက်တန်းလွှာ အမျိုးသမီးတစ်ဦးဟု ကြွားလုံးထုတ်ခဲ့တာ ဖြစ်သည်။ ထို့ကြောင့် ဤနည်းအတိုင်း ဝင့်ကြွားပြီး ပိုက်ဆံနံ့ မခံနိုင်ဟု ဆိုကာ ကင်းကင်းရှင်းရှင်း နေခဲ့ရသည်။ အစတွင် ရှန်လောင်ဖူးရန်က အိမ်တော်ထိန်းသိမ်းရေး အာဏာကို ရမ့်ဝန်ယွင်အား ပေးခဲ့တာ ဖြစ်သည်။ သူမ ရင်ထဲတွင် မနာလို မဖြစ်တာ မဟုတ်၊ သို့သော်ငြား ခိုက်ရန်ဖြစ်ဖို့ရာ သူမ မျက်နှာ အပျက်မခံနိုင်ပေ။ အဆုံးတွင် သူမ ရင်ထဲ၌ အဖုအထစ် ဖြစ်လာတော့သည်။ နှစ်ပေါင်းများစွာ ပြဿာနာ ကြုံပြီးနောက် သူမသည် ရှန်မိသားစု၏ သခင်မ ဖြစ်လာခဲ့သည်။ သို့သော် စီမံခန့်ခွဲရေးအာဏာကို ဖမ်းဆုပ်ရန် မလွယ်ကူမှန်း အခုမှ သိလိုက်ရတာပဲဖြစ်သည်။

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now