၁၀၃။ မိန်းမသားတစ်ယောက်၏ ညှို့အား

4.3K 602 10
                                    

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage by Author Qian Shan Cha Ke

Translator - Edge, NC

၁၀၃။ မိန်းမသားတစ်ယောက်၏ ညှို့အား

ရှန်မိသားစု စားသောက်ပွဲရှိ အဖြစ်အပျက်က အဆုံးတွင် မပြန့်သွားပေ။ သတင်းမပြန့်ဟု ရည်ညွှန်းခြင်းမှာ အများပြည်သူ ရှေ့သို့ မရောက်ဟု ဆိုလိုခြင်းသာ ဖြစ်သည်။ သို့သော်ငြား အထက်တန်းလွှာ အသိုင်းအဝိုင်းအတွက်မူ သူတို့က ဖွင့်ဆိုရှင်းပြ၍ မရသော ဆက်နွယ်မှုမျိုး အမြဲတမ်း ရှိနေတတ်ရာ ဖူးရန် တစ်ယောက်က ယင်းကို ဟာသသဘောဖြင့် ကျန်သည့် ဖူးရန်ကို သီးသန့် ပြောဆိုခဲ့ရာမှ သတင်းပြန့်သွားခဲ့တာပဲ ဖြစ်သည်။ ထို့အပြင် ရှန်လောင်ဖူးရန်၏ ပါးနပ်မှုက ယခုဆို သူမကိုယ်သူမက ပျက်ဆီးရာ လမ်းကြောင်းသို့ ပို့ပေးခဲ့တာပဲ ဖြစ်သည်။ သူမ ပြောသလို မလုပ်ခဲ့လျှင် သူမမျက်နှာကို ဖြတ်ရိုက်ရာ ရောက်မည် ဖြစ်သော်လည်း ပြောသလို လုပ်ခဲ့လျှင်လည်း သူမ၏ အထူးချွန်ဆုံး မြေး၏ ဆုံးရှုံးမှုကို မည်ကဲ့သို့ အလွယ်တကူ ပြန်သင့်မြတ်အောင် လုပ်ရမည်နည်း။

သို့သော် ထိုအရေးကိစ္စကြောင့် အကြီးဆုံးအိမ်တော်နှင့် ရှန်လောင်ဖူးရန်က ရှေ့မတိုးသာ မဆုတ်သာသည့် အခြေအနေ ဖြစ်သွားသည်။ မူလက ဒုတိယ အိမ်တော်နှင့် တတိယ အိမ်တော်မှ စိတ်ဝမ်းကွဲရုံသာ ဖြစ်သော်ငြား စားသောက်ပွဲတွင် ရှန်လောင်ဖူးရန်၏ သဘောထားကြောင့် လော့ရွှယ်ရန်နှင့် ရှန်ရှင်းက သူတို့လည်ပင်းတွင် ငါးရိုး ဆူးနေသလို ခံစားလာရတော့သည်။ သူတို့က မကျေနပ်မှုကို မျိုသိပ်ချထားမည့် လူများမဟုတ်ပေ။ ထို့ကြောင့် သူတို့က ဘေးထွက်ရပ် လက်ပိုက်က ပွဲကြီးပွဲကောင်းသာ ကြည့်နေကြတော့၏။

ရှန်ယွမ်နှင့် ကျင်းချူးချူးနိုး လာပြီးနောက် ကျင်းချူးချူးသည် ငိုယိုပြီးနောက် သူမသည် ရှန်ယွမ်ဆွဲခေါ်တာ ခံလိုက်ရသည်ဟုသာ ဆိုခဲ့သည်။ ရှန်ယွမ်က ဒေါသထွက်ပြီး သူ သတိမေ့နေ့ချိန်၌ ကျင်းချူးချူးနှင့် ဖြစ်ခဲ့တာတွေကို သတိပြန်ရလာသည့် အချိန်တွင် မသိတော့ကြောင်း ဆိုခဲ့သည်။ နိုးလာသည့် အချိန်တွင် သူက ကျင်းချူးချူးနှင့် အတူ လှဲနေပြီး ဖြစ်နေတာကို သိလိုက်ရကြောင်း ပြောသည်။ ထိုအရေးကိစ္စများကို မမှတ်မိ။ ကျင်းချူးချူးက အကောင်းပကတိ ဖြစ်နိုင်သေးသည်။

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now