၁၁၃။ သွယ်ဝိုက်အနမ်း

4.2K 609 17
                                    

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage by Author Qian Shan Cha Ke

Translator - Edge, NC

၁၁၃။ သွယ်ဝိုက်အနမ်း

ရှန်မြောင်၏ ရင်ထဲ မသက်မသာ ဖြစ်နေပြီး သူမ ဤနေရာတွင် ကြာကြာ ရပ်မနေနိုင်တော့ပေ။ ရှန်မိသားစုနှင့် အထွေးအရှုပ်တွင် ပါဝင်ရတော့မည်။ ထို့ကြောင့် သူမက လှည့်မကြည့်ဘဲ အခန်းသို့ သွက်သွက်လေး ပြန်တော့သည်။ ရှန်ကွေ့နှင့် ကျန်သည့်သူများက ရုတ်ရုတ်သဲသဲ ဖြစ်တာကို ကြည့်၍ ဝသွားသည့် အချိန်တွင် အရေးကိစ္စအကြောင်း ပိုမို စုံစမ်းချင်နေသောကြောင့် လူအုပ်ကြီးက မြန်မြန်ဆန်ဆန်ဘဲ လူစုကွဲသွားသည်။ ရှန်ယွဲ့က ချန်းရော့ချိုးနောက် လိုက်သွားပြီး သူမ၏ မျက်နှာထက်တွင် ပျော်ရွှင်မှု တစ်စွန်းတစ်ဆ ရှိနေ၏။ ယမန်နေ့က ရွှီတုန်ဖေးသည် ရှန်မြောင်နှင့် လော့ရွှယ်ယန်ကို ခေါ်တွေ့ကြောင်း သူမ ကြားရသည့် အချိန်ကား ရှန်ယွဲ့၏ ရင်ထဲတွင် ကူကယ်ရာ မဲ့သွားခဲ့သည်။ ရွှီတုန်ဖေးက မင်းသားတင်း၏ မွေးမိခင် ဖြစ်ပြီး ရွှီတုန်ဖေး၏ မျက်နှာသာပေးမှုကို ရသွားခဲ့လျှင် နှစ်ယောက်ကို ချည်နှောင်နိုင်မည်မလား။ ယနေ့ အဖြစ်အပျက်ကြောင့် ပထမ အိမ်တော်သည် ကံခေမှုနှင့် ကြုံတွေ့ရပြီး ဖြစ်သည်။ ထိုအကြောင်းကို တွေးမိသောအခါ ရှန်ရွဲ့၏ ခြေလက်များက ပိုပေါ့ပါးပြီး အေးဆေးသွား၏။

ဝန်ယိညန် လက်ကိုင်ထားသည့် ရှန်တုန်လင်းကမူ အတွေးများ နက်နေပြီး ပြန်သွားတော့သည်။

အနောက်ဖက် ခြံဝန်းက မျက်တောင် တစ်ခတ်အတွင်း ရှင်းလင်းသွားပြီး အားကျီကလည်း ရှန်ရှင်း၏ အစောင့်များကို ရှန်မိသားစု တပ်ဖွဲ့ဆီ ပြန်ပို့ပေးလိုက်သည်။ ဧကရာဇ်ဝန်ဟေ့က သူတို့ကို နန်းတော်ထဲကို ရုတ်တရက် ဆင့်ခေါ်ရာ ရှန်မိသားစု တပ်ဖွဲ့ဆီ သတင်းမပြန့်သေးတာ သဘာဝ ကျပေသည်။ ကံကောင်းသည်မှာ မော့ချင်းက ရှိန်နေသေးဆဲ ဖြစ်၏။ မော့ချင်းက ရှန်မိသားစု တပ်ဖွဲ့၏ စားရင်းတွင် မပါသေးသောကြောင့် ဖြစ်နိုင်သည်။

အခန်းထဲတွင် ကျင့်ကျဲ့၊ ကုယွီ၊ ပိုင်တုနှင့် ရွှမ်းကျန်းတိုက ရှန်မြောက်နောက်တွင် ရပ်နေစဉ် မော့ချင်းက လေးနက်တည်ကြသည့် မျက်နှာထားဖြင့် ရပ်နေ၏။ ဧကရာဇ်ဝန်ဟွေ့သည် ရှန်ရှင်းကို ဆုလာဘ်ချီးမြင့်တာ ဖြစ်နိုင်ကြောင်း ရှန်တုန်းလင် ပြောခဲ့သည့်တိုင် ယင်းတို့ မဖြစ်နိုင်မှန်း လူတိုင်း သိကြသည်။

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now