၁၂၈။ မှန်းကြည့်ခြင်း

3.6K 527 21
                                    

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage by Author Qian Shan Cha Ke

Translator - No Cause, Edge

၁၂၈။ မှန်းကြည့်ခြင်း

နောက်တစ်နေ့၌ ရှန်မြောင် အိပ်ရာထ နောက်ကျလေသည်။

မနေ့ညက ရှဲ့ကျင်းရှင်းသည် ညကင်းနာရီချိန် ၅ ခုရှိသည့်အနက် တတိယနာရီ(ခေတ်သစ် အချိန်အရဆိုလျှင် ည ၁၁ နာရီ - ၁ နာရီ)တွင် ရောက်လာခဲ့သည့်အပြင် သူနှင့် စကားပြောပြီးသည့်နောက်ပိုင်း သူမ ပင်ပန်းသွားရသဖြင့် တစ်ညလုံး အိပ်မက်ပင်မမက်ဘဲ အိပ်မောကျသွားခဲ့လေသည်။ သူမ နိုးလာသောအခါတွင်ကား အလွန်နောက်ကျနေခဲ့လေပြီဖြစ်၏။

ရှန်မြောင် အိပ်ရာထနောက်ကျခြင်း၊ အိပ်ရာထရန် ပျင်းနေခြင်းမျိုး မရှိသလောက် ရှားပါးသဖြင့် လော့ရွှယ်ယန်လည်း သူမ မနေ့ညက ဂုဏ်ပြုညစာစားပွဲ၌ ပင်ပန်းသွားခြင်းဖြစ်လောက်သည်ဟု မှတ်ယူလိုက်ပြီး ရှန်မြောင် အိပ်ရာနိုးသည်နှင့် သုံးဆောင်နိုင်ရန် မနက်စာအသင့် ပြင်ထားစေခဲ့သည်။ ရှန်ရှင်းနှင့် လော့ရွှယ်ယန်ကတော့ မိမိတို့ မူလရာထူးနေရာကို ပြန်ရသဖြင့် စစ်မှုရေးရာ ဝန်မင်းရုံးသို့သွားပြီး ယခင်ကကဲ့သို့ အလုပ်တာဝန်များ သွားထမ်းဆောင် ကိုင်တွယ်ဖြေရှင်းကြရလေသည်။ ရှန်ချိုးနှင့် လော့လင်းလည်း အိမ်တော်တွင် မရှိ၊ လော့လင်း အတွေ့ကြုံရရန်အတွက် အလုပ်သင်သဘော တာဝန်ငယ်တစ်ခုခု ထမ်းဆောင်ရန်လိုသောကြောင့်ပင်။ ထို့ကြောင့် ရှန်ရှင်းက လော့လင်းအား ရှန်ချိုးကို ကူညီရန် တာဝန်ပေးထားလိုက်သည်။ လော့လင်းအား မျက်နှာစိမ်းဖြစ်သည်၊ လူသစ်ဟုဆိုကာ အခြားသူများက အနိုင်မကျင့်စေရန်လည်း ဖြစ်၏။

ရလဒ်အနေဖြစ်၊ ဤ 'ရှန်အိမ်တော်'အသစ်စက်စက်ကြီး၌ ရှန်မြောင်နှင့် လော့ထန်သာ ကျန်ခဲ့တော့လေသည်။ နောက်မှ သူမ သိလိုက်ရသည်မှာ ဖုံ့အန်းနဉ်သည် သူမနှင့် လက်ဝတ်ရတနာ ရွေးဝယ်လည်ပတ် ထွက်ကြရန် ရှန်မြောင်ထံ ဖိတ်စာပို့ ကမ်းလှမ်းထားသည်ဟု။ သို့သော် ရှန်မြောင်က မိမိကိုယ်စား လော့ထန်ကိုသာ သွားလိုက်စေသည်။ လော့ထန်နှင့်အတူ ရှန်အိမ်တော်၏ ကိုယ်ရံတော်အချို့လည်း ထည့်ပေးလိုက်သေး။ သူမကတော့ ပင်ပန်းနွမ်းနယ်နေသဖြင့် အိမ်တော်ထဲ တစ်ရက်တော့ နားနားနေနေ နေဦးမည်ဟုသာ အကြောင်းပြလိုက်လေ၏။

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now