၇၁။ ဘိုးဘေးခန်းမ မီးရှို့ခံရ (၃)

6.3K 1.1K 81
                                    

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage by Author Qian Shan Cha Ke

Translator - No  Cause

၇၁။ ဘိုးဘေးခန်းမ မီးရှို့ခံရ (၃)

________

အချိန်​ယန္တရား တရွေ့ရွေ့ ချီလာသည်​နှင့်​ အညီ၊ ရှန်းအိမ်​တော်​မှ မွေးနေ့စားသောက်​ပွဲတော်​ကြီးလည်း စတင်​တော့မည်​ဖြစ်​လေသည်​။ မင်းကတော်​များနှင့်​ သခင်​မလေး အသီးသီးတို့သည်​လည်း နေရာယူ၍ ထိုင်​နေပြီး၏။ စားသောက်​စရာများ ခင်းကျင်းထားသော စားပွဲကြီး ဆယ်​ပွဲဖြင့်​ တည်​ခင်းထားလေသည်​။ ရှန်းလောင်​ဖူးရန်​၏ ဂုဏ်​သရေမှာ ကြီးမားလှသောကြောင့်​ အရာရှိတိုင်းနည်းပါး၏ ကတော်​များ အားလုံးလိုလို မွေးနေ့ပွဲ လာတက်​ရောက်​ကြသည်​။ ဒါပေါ့၊ စင်​စစ်​ မွေးနေ့ပွဲလာသူများမှာ ရှန်းလောင်​ဖူးရန်​ မျက်​နှာကြောင့်​ လာကြခြင်း မဟုတ်​ဘဲ ရှန်းစစ်​သူကြီး၏ အရှိန်​အဝါကြောင့်​သာ ဖြစ်​လေသည်​။ သို့ဖြစ်​သည့်​တိုင်​ ဤမွေးနေ့ပွဲကတော့ ယခင်​နှစ်​များနည်းတူ စည်​ကား သိုက်​မြိုက်​နေမည်​ပင်​။

ရှန်းယွဲ့က အတွန့်​အခေါက်​ တစ်​ရာပါသော ငွေလရောင်​ခြည်​ ဝတ်​စုံကို ဆင်​မြန်းထားသည်​။ ဖြူလွှလွှလရောင်​ခြယ်​ ဝတ်​ရုံက သူမအား အင်​မတန်​ သိမ်​မွေ့ညင်​သာဟန်​ အသွင်​ဆောင်​နေစေ၏။ သူမက မူလကတည်းက နှစ်​လိုဖွယ်​ကောင်းပြီး စွဲဆောင်​မှု ရှိသူလေးဖြစ်​ရာ ယနေ့ အထူးတလည်း ပြင်​ဆင်​ထားတော့ ရင့်​ကျက်​တည်​ငြိမ်​မှုကို သာ၍ ဖော်​ပြနေသယောင်​ရှိလေ၏။ ယခုအခါ ရှန်းချင်းနှင့်​ ရှန်းမြောင်​တွင်​ စေ့စပ်​ကြောင်းလမ်းပြီး ခင်​ပွန်းလောင်းအသီးသီး ရှိနေပြီမို့ မင်းကတော်​များမှာ ရှန်းယွဲ့အပေါ်သာ မျက်​စိကျနေတော့သည်​။ ရှန်းအိမ်​တော်​ တတိယအိမ်​တော်​ခွဲ၏ မျိုးဆက်​ ဒုတိယ ရှန်းသခင်​မလေးကိုသာ မိမိတို့ အိမ်​ထောင်​စုထဲ ထည့်​နိုင်​မည်​ဆိုလျင်​ ရနိုင်​မည့်​ အကျိုးအမြတ်​ကို ကျိတ်​၍ တွက်​ချက်​နေကြလေသည်​။

ရှန်းယွဲ့က အတွန့်​အခေါက်​ တစ်​ရာပါသော ငွေလရောင်​ခြည်​ ဝတ်​စုံကို ဆင်​မြန်းထားသည်​။ ဖြူလွှလွှလရောင်​ခြယ်​ ဝတ်​ရုံက သူမအား အင်​မတန်​ သိမ်​မွေ့ညင်​သာဟန်​ အသွင်​ဆောင်​နေစေ၏။ သူမက မူလကတည်းက နှစ်​လိုဖွယ်​ကောင်းပြီး စွဲဆောင်​မှု ရှိသူလေးဖြစ်​ရာ ယနေ့ အထူ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now