၈၂။ အရောင်းအဝယ်/ ခ

4.7K 809 15
                                    

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage by Author Qian Shan Cha Ke

Translator - No Cause

၈၂။ အရောင်းအဝယ်/ ခ

မြင်းလှည်းထဲတွင် ရှန်မြောင်က အတွေးနစ်နေဆဲဖြစ်ကာ သူမ မည်သည့်အကြောင်း စဉ်းစားနေမှန်း မသိရပေ။ ကျင်းကျီနှင့် ကုယွီက သူမအတွေးနစ်နေတာကို မနှောင့်ယှက်ဝံ့ဘဲ ဆိတ်ဆိတ်သာနေ၏။ အမှန်တကယ်တွင် ရှန်မြောင် မည်သို့သော အရောင်းအဝယ်လုပ်လာမှန်း သူတို့လည်း မသိခဲ့ပေ။ အပေါင်ဆိုင်တစ်ခုဆိုတာ သိသာနေသော်ငြား ဘာပေါင်ခဲ့မှန်း တကယ်မသိရပေ။ ရှန်မြောင်က ထိုအကြောင်းကို မပြောသောကြောင့် ရံရွေတော်နှစ်ဦးကလည်း ပါးစပ်မဟတော့ချေ။

သို့သော် နေရာတစ်ခုကို ဖြတ်ပြီးနောက် ကုယွီက ပြုံးကာ ပြောလိုက်သည်။

“အရှေ့မှာ ကွမ်ဖူကျိုက်ပဲ၊ အပြင်မထွက်ဖြစ်တာ ကြာပြီဆိုတော့ ဒီအစေခံက အဲဒီက အဆာပြေမုန့်တချို့ ဝယ်လိုက်ရင်ရော”

ကွမ်ဖူကျိုက်၏ အဆာပြေမုန့်များက လူကြိုက်များပြီး ယခုက လူအများဆုံး အချိန်မဟုတ်ပေ။ ထို့ကြောင့် အနည်းအကျဉ်းသွားဝယ်လျှင် ထိခိုက်မှာမဟုတ်။ ရှန်မြောင်က မစားချင်သော်ငြား လော့ရွှယ်ယန်နှင့် ရှန်ချိုးတို့က စားပေလိမ့်မည်။ ရှန်မြောင်က ခေါင်းညိတ်လိုက်၏။

“ဒါဆို သွားလေ”

ကုယွီက မြင်းလှည်းထဲမှ ဆင်းပြီး ကွမ်ဖူကျိုက်ကို သွားလိုက်၏။

မော့ချင်းနှင့် ကျန်သူများက မြင်းလှည်းများတွင် စောင့်ကြပ်နေကြ၏။ သူတို့ အရပ်မြင့်မြင့် ထောင်ထောင်မောင်းမောင်းဖြစ်သောကြောင့် အတော်လေး မျက်စိဖမ်းစားနိုင်ပေသည်။ ထို့ကြောင့် သူတို့နားမှ ဖြတ်သွားသူတိုင်း ကြည့်ကြည့်သွားကြ၏။ ရှန်မြောင်က လေကောင်းလေသန့်ရရန် လိုက်ကာကို ဖွင့်လိုက်သော်ငြား သူမ၏ အမြင်က တခြားလူတစ်ယောက်ဆီ ပါသွားချေသည်။

ထိုလူကလည်း ကွမ်ဖူကျိုက်ထဲမှ အဆာပြေမုန့်အိတ်သယ်ပြီး ထွက်လာတာပင်။ ထိုလူနှင့် အကြည့်ချင်း ဆုံသွားချိန် တစ်ဖက်လူက အနည်းငယ် အံ့ဩမှင်သက်သွားသည်။

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now