၇၉။ ကိုယ်ဝန်

6.9K 1.1K 236
                                    

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage by Author Qian Shan Cha Ke

Translator - No Cause

၇၉။ ကိုယ်ဝန်

________

"ဒီညီတော်က စိတ်ဝင်စားနေမိတဲ့ အမျိုးသမီးလေး ရှိပါတယ်— ရှန်အိမ်တော်က သခင်မလေးပါ"

'ဟင်' 'ဟာ' အသံတို့နှင့်အတူ ခန်းမတစ်ခုလုံး အုတ်အော်သောင်းနင်းဖြစ်သွားရပြီး အားလုံး၏ အကြည့်များက ရှန်အိမ်တော်၏ တိ သခင်မလေး သုံးယောက် ထံပါးသို့ ရောက်သွားကြလေသည်။ ထို ရှန် သခင်မလေး သုံးဦးအနက် ရှန်ချင်းမှာ စေ့စပ်ကြောင်းလမ်းပြီးသူဖြစ်၍ ရှန်ယွဲ့နှင့် ရှန်မြောင်သာ ကျန်သည်။ ရှန်ယွဲ့သည် သိမ်မွေ့၍ စိတ်နှလုံးဘဝခိုက်စဖွယ်ဖြစ်သည်။ သူမ၏ ပါရမီနှင့် ပညာဉာဏ်က ကျော်ကြားလူသိများသည်။ သို့သော် ယခု၌ ရှန်မြောင်သည်လည်း မိန်းမကောင်းမိန်းမမြတ်လေး ဖြစ်နေချေပြီ။ သူမ၏ ဟန်ပန်သွင်ပြင် လှုပ်ရှားနေထိုင် အမူအရာကို ကြည့်ရုံမျှနှင့် သြချလောက်စရာ ဖြစ်နေချေပြီ။ ထိုမျှမက သာ၍ အရေးကြီးသည်မှာ ရှန်မြောင်၏ နောက်ကွယ်၌ ရှန်ရှင်းဟူသော လူတကာ လေးစားဖွယ် နတ်ဘုရားတမျှသော ပုဂ္ဂိုလ် ရှိနေခြင်း။ ထို့အပြင် လူအုပ်တစ်ရပ် တစ်စုလုံး သိသာထင်ရှား နားလည်သည်မှာ မင်းသားယွီ ရည်ညွှန်း စိုက်ကြည့်နေသော အမျိုးသမီးလေးမှာ ရှန်မြောင် ဖြစ်သည်ဟု။

ထိုတဒင်္ဂတွင်တော့ ရှန်မြောင်ကို ကြည့်လာကြသော အကြည့်များက ထူးဆန်းထွေပြားနေကြသည်။ အချို့ကလည်း သူမ ကံဆိုးသည်ကို ပီတိဖြစ်နေကြသည်။ အချို့ကမူ ကိုယ်ချင်းစာ၍ သနားကြည့်ကြည့်ကြသည်။ လွန်လေသော ယွီဝမ်ဖေးမှာ မသင်္ကာဖွယ်ရာ အကြောင်းရင်းမရှိ သေဆုံးသွားခဲ့သည်မို့ အကြောင်းသိ အစဉ်းသိများအတွက် ထူးဆန်းနေလေသည်။ မင်းသားယွီ၌ မည်သို့ ယုတ်မာပက်စက်သော အကျင့်စရိုက်ရှိသည်ကို အားလုံးလည်း သိကြသည်။ သို့သော် ဤလူယုတ်မာမျိုးက မင်းမျိုးမင်းနွယ်၏ အကာအကွယ်အောက်ဝယ် တည်ရှိနေလေသည်။ အခြားတစ်ဖက်မှာကား တိုင်းပြည့်ဂုဏ်ဆောင် အောင်လံထူစစ်သူကြီးဖြစ်၍ တစ်ဖက်မှာက ပြည့်ရှင်မင်းကို အသက်ကယ်ဖူးသော ညီတော်။ မင်းကြီး၏ ရွေးချယ်မှုက အသို့ဖြစ်တော့မည်နည်း။

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now