၆၇။ ကိုယ်​ဝန်​ (၂)

7.5K 1.2K 36
                                    

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage by Author Qian Shan Cha Ke

Translator - Xiao
Editor - No  Cause

၆၇။ ကိုယ်​ဝန်​ (၂)

________

အချိန်ကာလ ရွေ့လျောလာသည့်​အလျောက်​ ရှန်းအရာရှိအိမ်တော်​ဝန်းသည်​လည်း ယခင်လိုပြန်လည်ငြိမ်းချမ်းလို့နေ၏။

ရှန်းမြောင်ကို အချိန်တစ်ခုကြာအောင် ချုပ်ချယ်ထားပြီးနောက်ပိုင်း ယနေ့များတွင်​ သူမ ကွမ်ဝမ့်ထန်ကို မသွားတော့။ ကူယွိနှင့်​ ကျင်းကျဲ့တို့သာ သူမ၏ သင်​ခန်းစာ၊ အိမ်စာတွေ နောက်ကောက်​ကျမှာ စိုးရိမ်နေကြသည်​။ သို့သော်​ ရှန်းမြောင်​ကတော့ လုံးလုံးစိတ်ထဲမရှိ။ ကွမ်ဝမ့်ထန်မှာသင်ရသော လက်​တွေ့အသုံးမကျသည့်​ စာပေ၊ ကဗျာတွေ သင်ယူရသည်​ထက် ရှန်းအိမ်တော်မှ ပြဿနာအပေါင်း လျော့နည်းသွားခြင်းက မှပို‌ကောင်းဦးမည်။

တစ်​စုံတစ်ယောက်​က ဘယ်​အရာကို ဝမ်း‌မြောက်ထိုက်သလဲမေးလာခဲ့လျင်၊ ယန်မေးနှင့်​ ရွှေပိကို နောက်ဆုံးမှာ  သူတို့ ညီအစ်​မတတွေနှင့်​ တွေ့ခွင့်​ရအောင် မို့ချင်းဘက်​က လာဘ်ပေးနိုင်သည့်​ ကိစ္စပင်​ ဖြစ်လိမ့်မည်။

ရွှေပိ၏ ညီအစ်မများနှင့်​ အဆင်ပြေနိုင်မည်​ဖြစ်​သော်​လည်း ယန်မေး၏ ညီမရင်း ချွန်းထောင်​မှာတော့... ယန်မေးအား ဖာတန်းမှာ ရောင်းစားလိုက်သည်​ကို သိကတည်းက မိမိ၏ အစ်​မအတွက်​ ကလဲ့စားချေချင်​နေခဲ့လေသည်​။ သူမ၏ အဆင့်​အတန်းနိမ့်​ကျနေသဖြင့်​ စိတ်​ဆောင်​သော်​လည်း အပြင်​ပန်း အားနည်းနေခဲ့၍သာ။ ယခုလောက်​ဆို ယန်မေးနှင့်​ တွေ့ပြီး သူ့အစ်မအဆင်ပြေနေသည်​ကို သိ‌သွားလောက်ပြီ။ ချွန်းထောင်​ဆို နှစ်​ခါတောင်​ စဉ်းစားမနေဘဲ မို့ချင်း၏ အပေးအယူကို သဘောတူသည်​ဟု ချက်​ချင်း အကြောင်းကြားခဲ့သေးသည်​။ တိုက်တိုက်ဆိုင်ဆိုင်ပင်​၊ ယန်မေးနှင့်​ ရွှေပိထွက်သွားသောကြောင့်​ မိန်းမစေနေရာ အချို့ လစ်​ဟင်းသွားသည်​။ ချွန်းထောင်​၏ လုပ်​ရည်​ကိုင်​ရည်​ သွက်​လက်​ခြင်းကို တွေ့တော့ ရမ့်​ဝန်​ယွင်​က သူမအား ရှန်းချင်း၏ ရံရွှေတော်​မိန်းမစေအဖြစ်​ ရွေးချယ်​ထားလိုက်​၏။ ဤသို့ဆိုတော့ ဒုတိယအိမ်တော်ခွဲ၏ လှုပ်ရှားမှုများကို သိရရန်​ ပို၍လွယ်ကူသွားတော့သည်​။

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now