၈၁။ ညှိနှိုင်းခြင်း/ က

5.6K 896 19
                                    

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage by Author Qian Shan Cha Ke

Translator - No Cause

၈၁။ ညှိနှိုင်းခြင်း/ က

ပိုင်ရှောင်ရှန်းမှာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် မဟုတ်၊ ဂိုဏ်းဂဏ အဖွဲ့အစည်းတစ်ခု ဖြစ်လေသည်။

ရှင်သန်နေရသည့် ဤခေတ်အခါကာလ၌ လူအမျိုးမျိုး စိတ်အထွေထွေဆိုသလို၊ လူတန်းစား အမျိုးမျိုးရှိကြသည်။ နန်းတွင်းရုံးတော်နှင့် မင်းစိုးရာဇာ အိမ်တော်မျိုးနွယ်ကြီးများ ရှိသည့်နည်းတူ အရပ်သားများလည်း ရှိသည်။ သိုင်းလောကသားများလည်း ရှိကြသည်။ ကုန်သွယ်မှု လုပ်ငန်း ၃၆ မျိုး၊ အဖွဲ့အစည်း လုပ်ငန်း ၇၂ မျိုး ရှိသည့်အနက် ကိုးကွယ်မှု သုံးပါးနှင့် အတွေးအခေါ် ကိုးရပ်တွင် ပါဝင်နေသော လူတစ်စုရှိကြသည်။ အကြားအားဖြင့် ထိုအခေါ်အဝေါ်မှာ မြင့်မြတ်လွန်းသည်၊ တည်ကြည်လွန်းသည်ဟု မထင်ရ။ သို့သော် ထိုအထဲ၌ အခွင့်အလမ်းများစွာနှင့် အခန်းကဏ္ဍအမျိုးမျိုး ရှိနေလေသည်။ ကိုးကွယ်မှု သုံးပါးနှင့် အတွေးအခေါ် ကိုးရပ် စည်းအတွင်းမှ လူများက သိုင်းလောကနှင့် နန်းတွင်းရုံးတော်အကြားက ပတ်သက်မှုကို ထိန်းသိမ်းထားပေးသည့် အချိန်များ ရှိခဲ့ဖူးသည်။

ဤတွင် ပိုင်ရှောင်ရှန်းက ရုံးတော်နှင့် သိုင်းလောကအကြား ပေါင်းကူးဆက်သွယ်ပေးတော့ ထိုအဖွဲ့အစည်းများအနက် တစ်ခု ဖြစ်လေ၏။

နာမည်အတိုင်း လိုက်ဖက်ညီစွာပင် ပိုင်ရှောင်ရှန်းမှာ စုံစမ်းထောက်လှမ်းရေး ကိုယ်စားလှယ်အဖွဲ့မျိုးနှင့် တူသည်။ နှစ် ရာကျော် စောင့်ထိန်းလာသည့် အရည်အသွေး ဂုဏ်ရည်မျိုးရှိသည်။ ဤအဖွဲ့အစည်းမျိုးက လူသူအကြား ပေါ်ထွက်လာခြင်း မရှိသဖြင့် သာမန်လူများ မြင်ဖူး ကြားဖူးခြင်းမရှိကြ။ ဘယ်သူလဲ၊ ဘာလဲဆိုသည်ကို မည်သူမျှ မသိကြ။ သို့သော် မိမိက မသိရုံမျှဖြင့် တည်ရှိခြင်း ကင်းမဲ့နေသည်တော့ မဟုတ်ပေ။ တင်းမြို့တော်ရှိ ဖုန်းရှန်း အပေါင်ဆိုင်မှာ လောလောဆယ် မင်ချီပြည်ရှိ ပိုင်ရှောင်ရှန်းဖြစ်လေသည်။

အနီရောင်ဝတ်ရုံနှင့် အမျိုးသမီး၏ မျက်ဝန်းများ ပြူးကျယ် အံ့သြသွားရတော့သည်။ မော့ချင်းနှင့် အနောက်နား ခံစားနေသူများလည်း ထူးဆန်းမှုကို ခံစားလာရတော့လေသည်။ သူတို့မှာ စစ်တပ်အတွင်း အမှုတော်ထမ်းရွက်ခဲ့သော်လည်း၊ မော့ချင်းဆိုလည်း သိုင်းလောကမှာ ကျင်လည်ခဲ့သော်လည်း ပိုင်ရှောင်ရှန်းကို မသိကြပေ။

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now