၅။ ပါးကိုက် နားကိုက်

10.6K 1.2K 15
                                    

၅။ ပါးကိုက် နားကိုက်

Burmese translation of {Rebirth of Malacious Empress of Military Lineage}

___________________________________

"မသိတတ်တဲ့ မြေး…အခု ဒူးထောက်စမ်း"

ရှန်းသခင်မကြီး အမိန့်ပေးသော်လည့း် ရှန်းမြောင် နည်းနည်းလေးမျှ မလှုပ်ရှားပေ။

လူတိုင်း သူမကို အထိတ်တလန့် ကြည့်လိုက်ကြသည်။
ရှန်းရှင် တိုက်ပွဲများကြောင့် မြို့တော်တွင် မရှိသည့်အတွက် ရှန်းမြောင်သည် ရှန်းသခင်မကြီးလက်ထဲတွင် ကြီးပြင်းခဲ့ရသည်။ ရှန်းသခင်မကြီးသည် ရှန်းမြောင်အပေါ် ပြင်းပြင်းထန်ထန် ဆက်ဆံလေ့ ရှိပြီး ရှန်းမြောင်သည်လည်း အားနည်းသော သူရဲဘောကြောင်သော စရိုက်ရှိသူ ဖြစ်သောကြောင့် ရှန်းသခင်မကြီး၏ အမိန့်ကို အရင်က မလွန်ဆန်ဖူးပေ။ ဒီနေ့ သူမ တစ်ကယ် ဒူးမထောက်ဖူးလား???

ထိုကိစ္စသည် မင်းသားသင်းနဲ့ ပတ်သတ်သည့်အတွက် သူမ သတ္တိ ကောင်းနေခြင်းလား????

ရှန်းမြောင် တည်ငြိမ်စွာ တုံ့ပြန်လိုက်သည် "ဘွားတော်… ပဉ္စမလေး (သူမကိုယ်တိုင် ပေးထားသော နာမည်) မှာ အပြစ် ရှိလို့လား????"

ပထမဆုံး စကားစသူမှာ စိုးရိမ် ကြောင့်ကြနေသော မျက်နှာထားနှင့် ရှန်းရွဲ့ဖြစ်သည် "ပဉ္စမ ညီမတော် အဖျားကြောင့် စိတ် ရှုပ်ထွေးနေတာ ဖြစ်မယ်။ ဘွားတော်က စိတ်အရမ်းဆိုးနေလို့ပါ။ ညီမတော်ကို တစ်ကယ် အပြစ်မပေးပါဘူး။ ညီမတော်ရဲ့ အမှားကို ဝန်ခံလိုက်တာနဲ့ အခြေအနေအားလုံး သုံးသပ်ပြီးသား ဖြစ်လိမ့်မယ်။ ဘာ့ကြောင့် ခေါင်းမာချင်ရလဲ။"

အဆိုပါစကားသည် ရှန်းမြောင် မလုပ်ခဲ့သော အမှားကို ဝန်ခံရန် ဖြစ်ပြီး လူကြီးတွေနှင့် ဆန့်ကျင်ကာ အထွန့်မတက်ရန် ဆိုလိုခြင်း ဖြစ်သည်။

"အရိုင်းအစိုင်းမ…ကောင်းကင်ကြီး ပြိုကျတော့မယ်" (ပြောချင်တာက လူကြီးတွေကို စော်ကားလို့ မြေမြိုမယ်ပေါ့) ရှန်းသခင်မကြီး ပိုဒေါသ ထွက်လာသည်။ ထို့ကြောင့် ကိုယ်ကို မတ်မတ် ပြင်ထိုင်လိုက်ပြီး သူမ အသံသည်လည်း ပိုထက်လာသည်။ ရှန်းသခင်မကြီးဘေးတွင် မုန့်စားနေသော ရှန်းရွမ်ပေါသည် ရှန်းသခင်မကြီး၏ ရုတ်တရက် အပြုအမူကြောင့် ထိတ်လန့်သွားပြီး သူ့လက်ထဲမှ မုန့် မြေပေါ်သို့ ပြုတ်ကျကုန်တာ စတင် ငိုကြွေးတော့သည်။

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now