၁၂၄။ လွေ့ဝမ်ရယ်

3.6K 580 52
                                    

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage by Author Qian Shan Cha Ke

Translator - Edge, No Cause

၁၂၄။ လွေ့ဝမ်ရယ်

ဒုတိယမြောက်နေ့ နံနက်စောစောတွင် ရှန်ရှင်းနှင့် လော့ရွှယ်ယန်က ရှန်ချိုးနှင့်အတူ နန်းတွင်းဝင်ပြီး မွန်းတည့်ချိန်အထိ ပြန်မလာသေးပေ။ ဧကရာဇ် ဝန်ဟွေ့က သူတို့၏ ရာထူးများ ပြန်ပေးပြီး ရှန်ရှင်းအား စစ်အာဏာအမိန့်ပြားလည်း ပြန်ပေးခဲ့သည်။ ယွီလင်း၏ တပ်ဖွဲ့နှင့် ပေါင်းစည်းထားသော ရှန်မိသားစု၏ တပ်ဖွဲ့သည် ရှန်ရှင်း၏ လက်တွင်း ပြန်ရောက်လာသည်။ သို့သော် ရှန်ရှင်းက ပျော်ရွှင်ပုံ မပေါ်ပေ။

နာကျင်မှုက လူတစ်ဦး၏ စိတ်စွမ်းအားနှင့် ဆုံးဖြတ်ချက် ပြတ်သားမှုကို ကျင့်ပေးနိုင်သည်။ ရှောင်ချွင်းမြို့၏ ခက်ခဲကြမ်းတမ်းသော ပတ်ဝန်းကျင်တွင် လော့မိသားစု၏ ပြိုကွဲနေသော သဲပွင့်နှယ် တပ်ကို ထူးချွန်ထက်မြက်အောင် လေ့ကျင့်ပေးခဲ့ပြီး ရှန်ရှင်းသည့် တော်ဝင်မိသားစု မျက်နှာသာပေးမှုကို ရ၏၊ မရ၏က ပိုတောင် ကွဲပြားသွားပေမည်။ ဧကရာဇ်ဝန်ဟွေ့၏ မျက်နှာဖြတ်ရိုက်သော ဗျူဟာကို သူက တုံ့ပြန်မှု များများစားစား မပြခဲ့ပေ။

ရှန်ရှင်းနှင့် လော့ရွှယ်ယန်တို့ နန်းတွင်းဝင်ပြီး မရှေးမနှောင်း၌ ရှန်အိမ်တော်သည် လူလွှတ်ကာ ရှန်မြောင်ကို လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ခဲ့သည်။ ရှန်မြောင်က ထိုလူများကို ဂရုစိုက်ရန် ပျင်းရိလွန်းနေရာ သူတို့ကို မရှိသလို သဘောထား ဆက်ဆံရန် အစေခံများကို တန်းညွှန်ကြားခဲ့သည်။ သတင်းလာပို့သည့် ရှန်အိမ်တော်၏ လူများက အကြောင်းပြန်ကြားမှု မရဘဲ ကြာရှည် စောင့်ဆိုင်းနေပြီးနောက် အစတွင် နားလည်မှု လွဲရုံဟုသာ သူတို့ ထင်ခဲ့သည်။ အဆုံးတွင်တွင် ရှန်ရှင်းနှင့် သူ့ဇနီးကို အေးစက်ပြီး ကရုဏာမဲ့ကာ မသိတတ်သည့် သားမြေးအဖြစ် ကျိန်းမောင်းတော့သည်။ ထိုစကားကို လော့လင်းကြားသောအခါ မျက်မှောင်ကြုတ်သွားပြီး လော့ထန်ကမူ စိတ်လိုက်မာန်ပါ ပြုမူတတ်သည့် အကျင့်ရှိရာ သူမက တံခါးဆီ ချက်ချင်း ပြေးသွားပြီး ရှန်အိမ်တော်၏ လူများကို ရက်စက်စွာ မာန်မဲတော့၏။ လော့ထန်က ရှောင်ချွင်းမြို့တွင် မိန်းမပျိုလေးများနှင့် စကားရည်လုရင်း ကြီးပြင်းလာသူဖြစ်သည်။ ထို့ကြောင့် သူမနှင့် စကားအရာတွင် မယှဉ်နိုင်တာ သဘာ၀ကျသည်။ ရှန်အိမ်တော် အမျက်သင့်ခံရချိန်၌ သူတို့က ခဲလုံးများပမာ ပစ်ထုတ်ခဲ့ပုံကို ပြောဆိုတော့သည်။ နောက်ဆုံးတွင် သူတို့က ဝိုင်းလာသည့် အရပ်သားများ၏ လက်ညှိုးတထိုးထိုး ပြစ်တင်ပြောဆိုမှုကို ခံနိုင်ရည် မရှိတော့ဘဲ အမြီးညှပ်ကာ ပြေးကြတော့သည်။

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now