၃၈။ ပန်းလက်ဆောင်

9.9K 1.3K 69
                                    

၃၈။ ပန်းလက်ဆောင်

Burmese translation of {Rebirth of Malacious Empress of Military Lineage}

[Translator - Twinkle]

___________________________________

"ရှန်းကလေးမ... သမိုင်းရေးရာအကြံပေးကျင်းနဲ့ ရန်ငြိုးရှိလို့လား..."

ရှန်းမြောင် သူမရှေ့က လူငယ်ကို ကြည့်လိုက်သည်။

သူ့ရဲ့မျက်နှာသွင်ပြင်ကလှပသည်။ သို့သော် သူရဲကောင်းတစ်ဦးရဲ့အငွေ့အသက်တွေဖုံးလွမ်းနေသည်။ သူဟာချမ်းသာပြီး ရည်းစားရှုပ်ပုံပေါ်သော်လည်း သူ့အသက်အရွယ်နဲ့ မလိုက်ဖက်စွာ ပိုလွန်နေတဲ့ လေးနက်မှုတွေကိုလည်း တွေ့ရသည်။ သူ့ရဲ့သွင်ပြင်ကတော့ မထင်ရပေမယ့် ကောင်းကင်ကြီးပြိုကျရင်တောင် သူ့နောက်လိုက်နေရင် လုံခြုံနေစေမယ်လို့ ခံစားစေရသည်။ သူမ ချင်တိုင်းပြည်မှာရှိတုန်းကရော နန်းတော်တွင်းမှာနေစဉ်ကပါ ဒီလိုလူမျိုးမတွေ့ခဲ့ဖူး။ စကားတစ်ခွန်းတည်းနဲ့ ဘာကိုဆိုလိုချင်လဲဆိုတာ သူကထိုးထွင်းသိနိုင်သည်။

ဒီလို ထူးချွန်ပြီးပါရမီရှိသူက အရွယ်မရောက်ခင် ဆုံးပါးသွားတာဟာ မိုးကောင်းကင်က ပါရမီထူးတဲ့သူရဲကောင်းတွေကိုမနာလိုတာများလားလို့ ထင်မှားမိစေသည်။

သနားဂရုဏာသက်တဲ့အကြည့်တွေက သူမမျက်ဝန်းထဲပေါ်လာသော်လည်း သူမ၏အသံက ညက်ညောပြီးပြတ်သားနေသည်။ "ဟုတ်တယ်..."

"ဒီစစ်တုရင်ကျားကစားပွဲအတွက် အဖက်ဖက်ကနေ ပြင်ဆင်ထားခဲ့တာပဲ..." ရှဲ့ကျင်ရှင်းသည် သူမအားနီးကပ်စွာအကဲခတ်နေခဲ့သည်။ "ကောင်းယန်ကို အရာရှိအရာခံမင်းမှုထမ်းလောကထဲဝင်စေနိုင်ဖို့ ဒီလိုနည်းလမ်းကိုသုံးတယ်... ဖြစ်နိုင်တာကတော့ မင်ချီရဲ့ အုပ်ချုပ်ရေးပိုင်းကို ရှုပ်ထွေးစေချင်နေတာလား...?"

ရှန်းမြောင်လို ဘဝသက်တမ်း ၂ ဘဝဖြတ်သန်းခဲ့တဲ့သူတောင် အတော်လေးအံ့အားသင့်သွားခဲ့မိသည်။ ရှဲ့ကျင်ရှင်းရဲ့ အရည်အချင်းတွေက မဖုံးကွယ်နိုင်လောက်အောင် တော်လွန်းနေသည်ဟု ဆိုရပေမည်။ ထိုမျှမက အရိပ်ကလေးမြင်ရရုံနှင့် အကောင်အထည်တစ်ခုလုံးကို သူ မြင်နိုင်သည်။ ဒီလူကတကယ်ကြောက်ဖို့ကောင်းတာပဲ... (Twinkle- အရမ်းတော်လွန်းလို့ကြောက်ဖို့ကောင်းတယ်လို့ပြောတာပါ)

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now