၆၃။ ရှဲ့သခင်လေးနှင့် မမျှော်လင့်ဘဲ ကြုံကြိုက်သောည (၁)

9.9K 1.5K 43
                                    

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage

Translator - Shiro_HP19

၆၃။ ရှဲ့သခင်လေးနှင့် မမျှော်လင့်ဘဲ ကြုံကြိုက်သောည (၁)

Shiro_HP19's Note - ဒီအခန်းက ရှဲ့ကျင်းရှင်းရဲ့ ရှန်းမြောင်ရဲ့ အနီးကပ်momentလေးတွေ မဆိုစလောက်ပါကြောင်း🤗

_

မျက်နှာချင်းဆိုင်မှာ ရပ်နေသူမှာ အခြားမဟုတ်။ ရှဲ့ကျင်းရှင်းသာ ဖြစ်လေသည်။

အမှောင်ထဲက မီးရောင်တလက်လက်ကြား သူ့မျက်ခုံးတွေဟာ ပန်းချီဆေးခြယ်ထားသလို ပြီးပြည့်စုံလွန်းနေသည်။ သို့သော်လည်း မျက်မှောင်ကြုံ့ထားသောကြောင့် တသားတည်းဆက်စပ်နေပြီးတော့ နေ့ခင်းပိုင်းမှာတွေ့ရတာနှင့်မတူ၊ အခြားလူတစ်ယောက်ကဲ့သို့ အေးစက်မှုတစ်ခုကို လွှမ်းခြုံထားသည်။

ကျင်းကျီနှင့် ကူယွိမှာ ရှဲ့ကျင်းရှင်းကို အကြိမ်ပေါင်းများစွာ မြင်ဖူးနေသဖြင့် သူ ဘယ်လိုလူမှန်း သူတို့ သိပြီးသား။ အံ့ဩမှုတွေ ပြည့်နေလျက်နှင့်၊ သူတို့ ရှန်းမြောင်ကို ကာကွယ်ဖို့ အသင့် ရှေ့ကနေ ကာစီး ရပ်နေမိကြသည်။

သို့သော်လည်း ယခုအကြိမ်မှာ မိုချင်းအတွက်မူ ရှဲ့ကျင်းရှင်းအား ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ ရှဲ့ကျင်းရှင်း မည်သို့သောလူမှန်း သူမသိသော်လည်း ရှန်းမြောင်စကားအရဆိုလျင် သူတို့နှစ်ဦး တစ်ဦးကို တစ်ဦး ရင်းနှီးပြီးသားမှန်း သူ ရိပ်မိလိုက်သည်။ ခဏလောက် ချင့်ချိန်တွေးဆပြီးနောက် ရှဲ့ကျင်းရှင်းနှင့် ရှန်းမြောင်ကို ငေးစိုက်ကြည့်နေမိသည်။ ရှဲ့ကျင်ရှင်းက ပြုံးလိုက်ပြီး သူ့လက်တွေကို လှုပ်ရှားလိုက်တယ်။ မျက်တောင်တဖျက်ခတ်စာအတွင်းမှာပဲ ဓားသည် မိုချင်းဆီ ပြန်ရောက်သွားတော့သည်။

"ရှန်းမိန်းကလေးကို ဒီနေရာမှာ တွေ့ရတာ အတော်လေး ကံဆုံလို့ဖြစ်မယ်..." ရှဲ့ကျင်းရှင်းက တံခါးဆီ ပျင်းရိစွာ ဆုတ်သွားပြီး ပြောလိုက်သည်။

ရှန်းမြောင်က သူ့ကို ဂရုမစိုက်ဘဲ မိုချင်းနှင့် အခြားအစေခံနှစ်ယောက်ကို မြန်မြန်ထွက်သွားဖို့သာ ပြောလိုက်သည်။

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now