၆၃။ ရှဲ့သခင်လေးနှင့် မမျှော်လင့်ဘဲ ကြုံကြိုက်သောည (၃)

9.5K 1.4K 90
                                    

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage

Translator - No Cause

၆၃။ ရှဲ့သခင်လေးနှင့် မမျှော်လင့်ဘဲ ကြုံကြိုက်သောည (၃)

-

ထိုည တစ်ညလုံး မိုးက ဆက်တိုက် ရွာနေခဲ့သည်။

ဆိတ်ငြိမ်သော တောအုပ်ကလေးတွင်း ဆောင်းဦးချိန်ရွာသော မိုးစဲသွားသောအခါ အေးစိမ့်စိမ့်ကလေး ကျန်ခဲ့လေသည်။ လေထုဝန်းကျင်တစ်ခုလုံး မြေနံ့ကလေးသင်းနေသည်။ မနက်စောစောဖြစ်သောကြောင့် ဘုရားကျောင်းမှာ ကိုယ်တော်များ ခေါင်းလောင်းတီး၊ ကြေးစည်ထုကာ ဝတ်ပြုနေကြလေပြီ။

ခေါင်းလောင်းသံတညံညံက အိပ်မောကျနေခဲ့သော သူကို နိုးသွားစေသည်။ ရမ့်ဝမ်ယွင် မျင်လုံးတို့ ဖွင့်လိုက်သည်။ သူမ အိပ်မက်ဆိုးများ မက်နေခဲ့သဖြင့် တညလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ခဲ့၊ မိုးသောက်ချိန်နီးမှ အိပ်ပျော်သွားခဲ့ခြင်းဖြစ်သည်။ သူမ နိုးလာတော့ နဖူးပြင်တစ်ခုလုံး ချွေးများ ရွဲရွဲစိုလို့။

"ဖူးရန် နိုးလာပြီပဲ..." ရှန်းလန် လျှောက်လာသည်။ "မျက်နှာသစ်ဖို့ပါ..."

ရမ့်ဝမ်ယွင် ကိုယ်လက်သန့်စင်ပြီးသည်နှင့် အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။ မိုးရွာပြီးသွားသောကြောင့် ပတ်ဝန်းကျင်က ပြန်လည်ငြိမ်းချမ်းသွားလေပြီး ငှက်ကလေးများက သံသာသာဖြင့် တေးသီကျူးနေကြလေသည်။

သူမ ပြုံးလိုက်သည်။ "အရောင်တောက်တောက် ဝတ်စုံတစ်စုံ ထုတ်လိုက်... ပြီးတော့ နီလာရံတဲ့ ပတ္တမြားဆံထိုးပါ ယူလာခဲ့..."

အခုချိန်မှာ သူမက သက်လတ်ပိုင်းအရွယ်ဖြစ်နေပြီဖြစ်သောကြောင့် အရောင်ရင့်ရင့်မှိုင်းမှိုင်းဝတ်စုံများသာ ဝတ်ဖြစ်ခဲ့သည်။ သူမကိုယ်တိုင် အရောင်တောက်တောက်ရွေးခြယ် ဝတ်ဖြစ်သည်က ရှား၏။ ချွေ့ကျူး ပြုံးလိုက်သည်။ "ဖူးရန် စိတ်ပျော်နေပုံပဲ... ခုလို အရောင်တောက်တောက်တွေ ရွေးဝတ်တယ်ဆိုတာ သိပ်စိတ်ဓာတ်တက်ကြွနေလို့ပဲ ဖြစ်ရမယ်..."

ရမ့်ဝမ်ယွင် မှန်တွင်းပြန်ကြည့်ကာ ကျေကျေနပ်နပ် ပြုံးလိုက်သည်။ ဒါပေါ့၊ သူမ စိတ်ပျော်နေတာပေါ့။ သူမ အူမြူးတက်ကြွနေသည်ဟုပင် ဆိုလို့ရနေသေးသည်။

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now