၂၁။ ဝတ်စုံသစ်ပြုလုပ်ခြင်း

9K 1K 3
                                    

၂၁။ ဝတ်စုံသစ်ပြုလုပ်ခြင်း

Burmese translation of {Rebirth of Malacious Empress of Military Lineage}

Translator - Taera_Pandora

___________________________________

မြို့​တော်​ထဲတွင်​ က​သောင်းကနင်းဖြစ်​​ပေါ်​နေသည်​။ သို့​သော်​ ဒီလို အ​ခြေအ​နေမျိုးမှာ​တောင်​ သီဆို ကခုန်​မှုများ ပြုလုပ်​​သေးသည်​။ နှစ်စဉ်​ကျင်းပ​သော Chrysanthemum( ဂန္ဓမာ ပန်းပွဲ​တော်​)သည်​  တဖြည်းဖြည်း နီးကပ်​လာပြီး ကွမ်​ဝမ်​ထန်​ ​ကျောင်း​တော်​၏ စာ​မေးပွဲ သည်​လည်း နီးကပ်​လာသည်​။ ပွဲ​တော်​နှစ်​ခုလုံးသည်​ တစ်​ပြိုင်​နက်​တည်း ကျင်းပမည်​ ဖြစ်​သည်​။

အရင်​နှစ်​​တွေနဲ့ မတူဘဲ ဒီနှစ်​မှာ​တော့ ​ကျောင်း​တော်​ စာ​မေးပွဲသည်​ လူကုံထံမိသားစုများအားလုံး တက်​​ရောက်​ရသည့်​ ပွဲ ဖြစ်​သည်​။

မနက်​​စော​စောမှာ ရှမ်းသခင်​မကြီးသည်
အ​စေခံရှင်းအာကို အ​နောက်​ဘက်​ အိမ်​​တော်​သို့ လွှတ်​လိုက်​ပြီး ဂန္ဓမာ ပွဲ​တော်​အတွက်​ အဝတ်​ချုပ်​ဖို့ အပ်​ချုပ်​သမားကို ​ခေါ်ခိုင်းလိုက်​သည်​။ တစ်​ခါထဲ ရှမ်း​မြောင်​ကိုပါ ဖိတ်​ခိုင်းလိုက်​သည်​။

ရှန်း​မြောင်​ သ​ဘောတူ​ကြောင်း ​ခေါင်းညိတ်​လိုက်​သည်​။

ယခင်​က ​ကျောင်း​တော်​ စာ​မေးပွဲများတွင်​ ရှန်း​မြောင်​သည်​ ပုံမှန်​အတိုင်း ဝတ်​ဆင်​ပြီး အမြဲလိုလို ​နောက်​ဆုံး အဆင့်​သာ ရခဲ့သည်​။ သူမ ထူးထူးခြားခြားဝတ်​ဆင်​လျှင်​ အခြားသူများက ​လှောင်​ရယ်​ ကြ​သော​ကြောင့်​ ဖြစ်​သည်​။ ယခု​တော့ စာ​မေးပွဲ နှင့်​ ဂန္ဓမာ ပွဲ​တော်​ နှစ်​ခု​ပေါင်း ကျင်းပမည်​ ဖြစ်​​သော​ကြောင့်​  အဝတ်​သစ်​မချုပ်​လျှင်​ မရ​တော့။

ဧည့်​ခံပွဲကို အရာရှိအများစုနှင့်​ ဖူးရန်​ (သခင်​​မ)များ တက်​​ရောက်​ကြပြီး ထိုပွဲတွင်​ များ​သောအားဖြင့်​ ​ချွေးမ​လောင်း ရှာ​လေ့ရှိကြသည်​။ ထို့​ကြောင့်​ သမီးရှင်​များ အတွက်​ ရိုးရိုးတက်​​ရောက်​ရသည့်​ ပွဲမဟုတ်​ဘဲ ​ကောင်းစွာ ဝတ်​ဆင်​ပြီး အလှအပကို ​ဖော်​ပြရသည့်​ ပွဲ ဖြစ်​သည်​။

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now