၄၉။ ရှဲ့အိမ်တော်က ရှုညီနောင် နှစ်ပါး

10.8K 1.5K 68
                                    

၄၉။ ရှဲ့အိမ်တော်က ရှုညီနောင် နှစ်ပါး

Burmese translation of {Rebirth of Malacious Empress of Military Lineage}

[Translator - kktwinklestar]

___________________________________

တိတ်ဆိတ်မှုက ကြီးစိုးနေခဲ့တယ်။ ချိုင်လင်ဟာ သစ်သီးကိုကြောက်ရွံ့ထိတ်လန့်စွာကြည့်နေခဲ့တယ်။ ချိုင်လင်ရဲ့ ခြစ်ရာ(၂)ခုနဲ့ မျက်နှာပေါ်မှာ ကြောက်လွန်းလို့မျက်ရည်များပင်စီးကျနေခဲ့တယ်။ ရှန်းမြောင်ဟာ ထိုနေရာမှာ မတ်တပ်ရပ်နေတုန်းပဲ သူကရှန်းမြောင်ကို မတူညီတဲ့အမြင်မျိုးနဲ့မြင်ခဲ့ပြီ။

သူမ လေးကိုပြန်ထားခဲ့တယ် ပြီးတော့ကိုယ်ကိုရို့ပြီး သစ်သီးကိုကောက်ယူခဲ့တယ်။ ပြီးတော့ ခိုင်လင်ကိုကြည့်ပြီး ရယ်ခဲ့တယ် "နင်ရှုံးသွားပြီ....."

သူမဟာ တကယ့်ကိုသိမ်မွေ့တဲ့မိန်းကလေးတစ်ယောက်ပဲ။ အစကနေအဆုံးထိ ပွဲစဉ်တလျှောက်လုံး သူမရဲ့အပြုအမူတွေက အခြားသူတွေ သူမရဲ့အသက်ကို မေ့လျော့သွားလောက်အောင် တော်တော့်ကိုတည်ငြိမ်လွန်းတယ်။ အခု သူမရဲ့ရယ်သံကလည်း အလွန်အပြစ်ကင်းစင်တဲ့ပုံပေါ်နေတယ်။ လူတိုင်းက သူမကိုစေ့စေ့စပ်စပ်ကြည့်နေကြတယ်။ အရင်တုန်းက သူမရူးချင်ရင် ရူးနေလိမ့်မယ် အခုတော့ သူမကအရူးတစ်ယောက်မဟုတ်တော့ဘူး။ ဒီမိန်းကလေးငယ်က တကယ့်ကိုပါးနပ်တာပဲ သူမရဲ့အလှကလည်း အရမ်းကျက်သရေရှိတာပဲ။

ချိုင်လင်က စကားတစ်ခွန်းတောင်မပြောနိုင်ခဲ့ဘူး။ သူ့ရဲ့မျက်နှာပေါ်မှာ အခုထိမရှင်းလင်းရသေးတဲ့သွေးတွေရှိနေတုန်းပဲ။ တစက်ချင်းကျလာတဲ့ မျက်ရည်တွေဟာ သွေးတွေနဲ့ရောသွားပြီး သူ့မျက်နှာတစ်ခုလုံးနီရဲနေတယ် ပြီးတော့ သူကအရမ်းဝမ်းနည်းနေပုံပေါ်တယ်။ တချိန်ထဲမှာပဲ သူဟာ သူရဲ့ဂုဏ်သိက္ခာကိုတောင် သတိမရတော့ဘဲ ရှန်းမြောင်ကို ကြောက်ရွံ့တုန်လှုပ်စွာကြည့်နေခဲ့တယ်။

ရှန်းမြောင်ရဲ့ မျက်ခုံးတွေတွန့်ကွေးသွားတယ်။ နောက်ဆုံးတော့ သူဟာအကြောက်တရားက ဘာလဲဆိုတာ သိသွားပြီပဲ။ သူကြောက်ရွံ့နေတာကောင်းတယ်။ မျောက်ကို သတိပေးဖို့ ကြက်ကိုသတ်ပြရမယ်။ နောက်ပိုင်းမှာ သူမအနားမှာရှိနေတဲ့ မြွေတွေ၊ ကပ်ပါးကောင်တွေ၊ ကြွက်နဲ့ အင်းဆက်ပိုးမွှားတွေအကုန်လုံး စည်းမကျော်သင့်ဘူးဆိုတာ သိလာလိမ့်မယ်။

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now