၆၇။ ကိုယ်​ဝန်​ (၁)

8.2K 1.2K 34
                                    

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage by Author Qian Shan Cha Ke

Translator - Xiao
Editor - No  Cause

၆၇။ ကိုယ်​ဝန်​ (၁)

________

စန်းဖူပန်းဆီ ပို့ခံရသည့်​ မိန်းမငယ်လေးများမှာ မရေမတွက်​နိုင်​စရာ များလွန်းလှသည်​။ အချို့က ငယ်ရွယ်ကြသေးသည်။ အချို့က အပို့ခံရသည်​မှာကြာပြီ ဖြစ်​သောကြောင့်​ အိုမင်းပိန်လှီလို့နေပြီ။ ထို့ကြောင့်​လည်း သူတို့၏ ကျန်ရှိနေသေးသော သက်တမ်းအတွင်း ဤနေရာကြီးမှ ထွက်​သွားနိုင်​စရာ နည်းလမ်းမရှိဟု ဆိုနိုင်​ပေသည်​။ ထိုမျှမက သူတို့ကို ကြိုလင့်​နေသော တစ်ခုသောအရာက စိတ်ပျက်အားငယ်မှုနှင့်​ မောဟိုက်​နွမ်းလျစွာ အဆုံးသတ်တို့သာ ဖြစ်​နေသည်။

ယနေ့လည်း ထိုနည်းတူပင်။

အစေခံမိန်းမငယ်​နှစ်​ဦးကို စန်းဖူပန်းထဲ ပစ်​ထည့်​လိုက်​စဉ်​၌ သူတို့နှစ်​ဦးမှာ အိုမင်း ရွတ်​တွနေသော မိန်းမသားများအကြားဝယ်​ ထင်​ပေါ်နေလေသည်​။

"ငါမြင်ရသလောက်တော့ သူတို့ကိုပြင်ဆင်‌ပေးစရာမလိုတော့ဘူး" ယုတ်​ရင်းခက်​ထန်​မည့်​သဘောရှိသော မားမားကြီးက သူတို့အား တစ်​ချက်​ကြည့်​လိုက်​ပြီး ဆိုသည်။

"ကျန်းမာတယ်၊ ပြီးတော့  နူးညံ့တဲ့အသားအရည်ကရှိ‌သေးတယ်​... ဒါပေမယ့် ဒီလိုအသားအရေကို ဘယ်လောက်ကြာကြာထိန်းသိမ်းထားနိုင်မယ်ဆိုတာ မပြောတတ်​ဘူး။ ...ဘာပဲဖြစ်ဖြစ် သူတို့ကို လဘ္ဘက်ရည်ဆောင်ထဲခေါ်သွား"

အစေခံနှစ်ယောက်မှာ အလွန်အမင်းကြောက်ရွံ့ပြီး တုန်ရီနေကြ၏။ သူတို့မှာ အခြားမဟုတ်။ ရမ့်ဝန်ယွင်အမိန့်အရ အဆင့်ကိုးဖာတန်းဆီ ရောင်းစားခံလိုက်​ရသော ယန်မေးနှင့်​ ရွှေပိတို့ပင်။

ယန်မေးနှင့်​ ရွှေပိမှာ ငယ်စဉ်ကတည်းက ရှန်းချင်းထံမှာအမှုထမ်းခဲ့ကြသူများဖြစ်​ပြီး ဂုဏ်သတင်းအကြီးဆုံးအစေခံများ အဖြစ်သတ်မှတ်ခံခဲ့ရဖူးသည်။ နောက်ပြီး မည်သည့်ခါးသီးမှုမျှ မခံစားခဲ့ဖူးချေ။ သို့သော်​  ယခုတော့၊ ...သူတို့ လူ့ငရဲကို မြင်နေရပြီ။ သူတို့ခမျာ ကြောက်ရွံ့တုန်​လှုပ်​ရလွန်း၍ မျက်ရည်ပင်ကျမလာနိုင်​တော့။ ထိုမျှမက မာမား၏ စကားတွေက သူတို့၏ နောက်ဆုံးမျှော်လင့်ချက်ကို အစိတ်စိတ် ကွဲကြေသွားစေသည်​။ သူမ ပြောခဲ့သည်​က၊ "သူတို့ကို သေချာစောင့်ကြည့်ထား၊ သတ်သေခွင့်မ‌ပေးနဲ့..." ဟူ၏။ 

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now