၆၉။ တတ်​စွမ်းနိုင်​မှု (၃)

5.9K 1K 37
                                    

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage by Author Qian Shan Cha Ke

Translator - Xiao
Editor - No  Cause

၆၉။ တတ်​စွမ်းနိုင်​မှု (၃)

________


လူတိုင်းက ရှန်းမြောင်အကြောင်း ပြောဆိုနေကြသည့်အချိန်၌ ရှန်းမြောင်ကတော့ ဘိုးဘေးခန်းမတွင် ကျားစေ့များကို စီနေခဲ့သည်။

ဘိုးဘေးခန်းမအတွင်း ဝန်းကျင်​ အခြေအနေက  မခံမရပ်နိုင်အောင် အေးစိမ့်​နေသည်။ မီးခိုးရောင်ကျောက်ပြားအခင်းများက ကြမ်းပြင်ပေါ်တွင် နေရာအပြည့်ယူထားသောကြောင့် ကြမ်းပြင်ပေါ်ဒူးထောက်လိုက်သူအဖို့ အရိုးထဲသို့စိမ့်ဝင်လာသော အအေးဒဏ်ကိုခံစားရစေသည်။ ကျင်းကျဲ နှင့် ကူယွိတို့  ကြမ်းခင်းအနုများယူလာခဲ့သော်လည်း သိပ်​အသုံးမဝင်​။ ရှန်းမြောင်ကတော့ သူတို့ကို ဆေးပင်တစ်ချို့ မီးရှို့ခိုင်းပြီး အခန်းထောင့်တိုင်းမှာ ထားစေသည်​။ သို့မှသာ အအေးဓာတ်ကြောင့် အဖျား မဝင်သွားမှာဖြစ်သည်​။ 

ကျင်းကျဲနှင့်ကူယွိမှာ အစောပိုင်း၌မယုံကြည်ခဲ့ကြ။ ဆေးနည်းက အလွန်ထိရောက်မှုရှိတာကိုမြင်တဲ့နောက် သူမတို့သည် ရှန်းမြောင်အား ဤကဲ့သို့လျှို့ဝှက်သော ဆေးပညာကို မည်သို့သိခဲ့သလဲဟု မေးလာကြသည်။ ရှန်းမြောင်လည်း အခြားသူများထံမှကြားဖူးခဲ့သည်​ဟုသာ ဖြေလိုက်၏။ သို့သော် ချင်တိုင်းပြည်တွင် ဓားစာခံအဖြစ်နေရတဲ့နှစ်တွေတွင်း ဒါကို သူမ လေ့လာခဲ့ဖြစ်​သည်​ဆိုတာကိုတော့ သူမတစ်​ယောက်​သာ သိလေသည်။ ထိုနေ့ရက်​များမှာ အလွန်အေးလှပြီး သူမမှာ ငွေအသပြာလည်း လုံလုံလောက်လောက်မရှိခဲ့လေတော့ ခန္ဓာကိုယ်တွင်းရှိ အ‌အေးဓာတ်ကို တွန်းထုတ်ရန် ဈေးအသက်သာဆုံး ဆေးမြီးတိုနည်းလမ်းများကိုသာ အားကိုးခဲ့ရခြင်းဖြစ်​သည်​။ ဘိုးဘေးခန်းမထဲရှိ ကိစ္စသေးသေးလောက်တော့ ဘာမျှမပြောပလောက်။

"မမလေးက ကျားထိုးနေတုန်းပဲကိုး..." ကျင်းကျဲက  ခြေကို ဆောင့်လိုက်သည်။

ရှန်းမြောင့်​ အရှေ့က ကျားစေ့လေးများအားလုံးကို ပြန်​စီထားပြီး ဖြစ်​သည်​။ ခုနက ပျောက်​သောက်​ ရောပြွန်းနေရာချထားသော ကျားစေ့လေးများမှာ ယခုတော့ အဖြူစေ့သက်​သက်​၊ အမည်းစေ့သက်​သက်​ တူရာ တူရာ စု၍ စီထားလေသည်​။ မည်​သည့်​ ကစားကွက်​မှာ မပေါ်လွင်​နေ။

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now