၄၂။ သူမကိုစိန်ခေါ်တယ်

9.1K 1.3K 47
                                    

၄၂။ သူမကိုစိန်ခေါ်တယ်

Burmese translation of {Rebirth of Malacious Empress of Military Lineage}

[Translator - Twinkle]

___________________________________

ရှန်းယွဲ့ရဲ့သီချင်းသံစဉ်က နားထောင်သူအားလုံးကို အံ့ဩရစ်မူးစေတယ်။ ချင်အတတ်ပညာရှင် အမျိုးသမီးများကတော့ ဘယ်လိုပဲဖြစ်ဖြစ် သဘောကျလိမ့်မယ်။ အထူးသဖြင့် တီးခတ်သူအမျိုးသမီးက လှနေရင် ပိုပြီးသဘောကျတတ်ကြတယ်။ နောက်ဆုံးအနေနဲ့ ပွဲအခမ်းအနားရဲ့ အမျိုးသားများအခြမ်းတွင် ပထမတန်းကျောင်းသားများမှာ အလွန်ငယ်သော်လည်း ဒုတိယတန်းနှင့် တတိယတန်းကျောင်းသားများမှာမူ ဒီဘက်အခြမ်းကိုပိုပြီးအာရုံစိုက်ကြတယ်။ ကွမ်ဝမ့်ထန်တွင် ချင်ချင်းရဲ့အလှသည် နံပါတ်(၁)ဖြစ်သော်လည်း သူမကမာနကြီးတယ်။ ရှန်းယွဲ့လောက်လည်း မသိမ်မွေ့သလို ချစ်ခင်ဖွယ်မကောင်း။

"နင့်ရဲ့အစ်မက ချင်တီးခတ်တာ အရမ်းတော်တာပဲ..." ဖုန်အန်းနဉ်က မလိုလားတဲ့ပုံစံနဲ့ပြောခဲ့တယ်။ "သူမဘယ်လိုဆရာမျိုးနဲ့များ သင်နေတာလဲ....? မနက်ဖြန် ငါ့အမေကိုမေးပြီး အတော်ဆုံး ချင်တီးခတ်ပညာရှင်ကိုခေါ်ဖို့ပြောရမယ်..."

သူတို့က အရမ်းငယ်လွန်းတဲ့အတွက် ယှဉ်ပြိုင်လိုစိတ်များပြီး အမြင့်ဆုံးမှာရှိချင်ကြတယ်။ ရှန်းမြောင်တောင်မှ ဧကရီဖြစ်တုန်းကတောင် တင်းကြပ်စွာထိန်းချုပ်ထားတဲ့ ဖုရှိုးယိရဲ့နှလုံးသားရေးရာကိစ္စကလွဲလို့ ကျန်တာတွေအကုန်လုံးကို လျော့လျော့ပေါ့ပေါ့ဆက်ဆံခဲ့တယ်။ ဖုရှိုးယိက အခြားအမျိုးသမီးတစ်ယောက်ကို မျက်နှာသာပေးလိုက်တာနဲ့ သူမစိတ်ပူနေရတယ်။ ပြီးတော့ နန်းတော်ရဲ့အတွင်းဆောင်ဆိုတာ အမှန်တရားတွေလိမ်လည်မှုတွေနဲ့ ထောင်ချောက်ဆင်ပြီး တစ်ယောက်နဲ့တစ်ယောက် နောက်ကွယ်ကနေတိုက်ခိုက်ကြတယ်။ သူမ ပြည်တော်ပြန်လာလာချင်း ခံစားခဲ့ရတဲ့ နာကျည်းမှုတွေကို ပြန်ပေးဆပ်ဖို့ ကြောက်ရွံ့နေခဲ့တယ်။ အဲ့ဒါကြောင့် သူမ လူအများအပေါ် အပြစ်ဖြစ်ခဲ့တယ်။ အခုလည်း သူမရဲ့ကြောက်တတ်တဲ့အကျင့်က မပျောက်သေးပေမယ့် သူမကိုယ်သူမ နာကျင်အောင်တော့ဘယ်တော့မှ လုပ်မှာမဟုတ်တော့ဘူး။

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now