၁၁၀။ ဖေ့လန်ကို သိမ်းသွင်းခြင်း

4.3K 634 17
                                    

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage by Author Qian Shan Cha Ke

Translator - NC, Edge

၁၁၀။ ဖေ့လန်ကို သိမ်းသွင်းခြင်း

"လောကမှာ လူပေါင်း ထောင်သောင်းမက ရှိသလို၊ ကိစ္စရပ်တိုင်းကလည်း ထောင်နဲ့ သောင်းနဲ့ ချီတယ်၊ လူတိုင်းမှာ အသက်မွေးဝမ်းကျောင်းမှု ကိုယ်စီ ရှိကြတာပဲ၊ တို့ကတော့ ဆောင်ကြာမြိုင်က မိန်းမတစ်ယောက်ကို အပေါစားဆန်တယ်လို့ မထင်ပါဘူး၊ ဒါပေမဲ့ တစ်လောကလုံးကတော့ တို့လို အမြင်မရှိနိုင်ဘူး" ရှန်မြောင်က ဆိုသည်။ "တို့ရဲ့ ကိုယ်ရံတော် မော့ကိုပဲ ကြည့်... သူက တို့အိမ်တော်ရဲ့ အမှုထမ်းတစ်ယောက်ပဲ၊ ဒါပေမဲ့ ဘယ်သူမှ သူ့ကို အထင်သေး မရှုတ်ချဘူး၊ တို့ရဲ့ လက်ပါးစေ အခြွေအရံတွေဆို သူများက အားကျတာတောင် ခံရသေးတယ်၊ ဒီလောကရဲ့ ထုံးတမ်းကိုက အဲသလိုတွေ ဖြစ်နေတာ၊ လူအချင်းချင်းကိုလည်း ဇာတ် အနိမ့်အမြင့် ၃ ခု၊ အမျိုးအစား အဆင့်အတန်း ၆ ခု ၊ ၉ မျိုး စသဖြင့် ခွဲခြားထားလိုက်ကြတာ... ဘယ်သူကရော သူတစ်ပါးရဲ့ အထက်က လူ မဖြစ်ချင်မှာလဲ၊ ဘယ်သူကရော အောက်ခြေက ဖိနှိပ်ခံ လူတန်းစားဖြစ်ချင်မှာတဲ့လဲ"

"ရှင်...!" လျိုယင်းမှာ သူမဘဝ ပျော်တော်ဆက်အဖြစ် နှိမ့်ချ လျှောကျသွားရသည့်အဖြစ်ကို သူတစ်ပါး ထောက်ပြပြောဆိုအစဖော်လာတိုင်း မခံမရပ်နိုင်သူ ဖြစ်လေသည်။

ရှန်မြောင်က ဆက်ပြောလိုက်သည်။ "မင်း သေချာ ပြန်စဉ်းစားချင် စဉ်းစားလိုက်ဦး"

"မြေမှုန့်စာလောက် ရောက်တဲ့အထိ ဘုံလျှောနိမ့်ကျသွားရတဲ့ သူတွေကို သခင်မလေးက အထင်သေးမှတော့ ဘာလို့ ဒီစကားတွေ ကျွန်မကို လာပြောနေသေးတာလဲ" လျိုယင်း ရယ်ကာမောကာ ပြန်ချေပလေသည်။

"တို့ အထင်သေးတာက မြေမှုန့်ဘဝရောက်တာကို ငြိမ်ခံပြီး လက်ခံလိုက်သူတွေကိုပဲ" ရှန်မြောင် ထရပ်ကာ ပြောလိုက်တော့သည်။ "ရက်ပိုင်းလောက်ကြာရင် မော့ကိုယ်ရံတော် ထပ်လာပါလိမ့်မယ်၊ ဒါကြောင့် လျိုယင်းမိန်းကလေးအနေနဲ့ တို့ကို အလျင်တလို အဖြေပြန်ပေးစရာ မလိုသေးပါဘူး၊ ဒါပေမဲ့. . . လေယူရာတိုင်း ယိမ်းတတ်တဲ့ သူတွေအတွက် ကောင်းမွန်တဲ့ နိဂုံးတော့ ရရိုးထုံးစံ မရှိဘူးနော်"

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now