နိဒါန်း

49.9K 1.7K 57
                                    


စစ်သူကြီးမျိုးရိုး၏ ပဏာမသမီးတော်၊ ဖြူစင်၊ ရိုးသား၍ အလိမ်အညာခံရလွယ်သော၊ မင်းသားသင်းအား ရူးရူးမိုက်မိုက်ချစ်ကြိုက်မိသူ သူမ သူ့ဇနီးမယားအရာရအောင် ကြိုးပမ်းခဲ့သည်။

သူ့အား ခြောက်နှစ်တိုင်ကူညီပေးခဲ့ပြီးနောက် သူမ တစ်လောကလုံး၏ မိခင်ဖြစ်လာတော့သည်။

တိုင်းပြည်အတွက် သူနှင့် ယှဉ်တွဲ၍ တိုက်ပွဲဝင်ခဲ့သည်။ တိုင်းပြည်၏ နယ်မြေကို စောင့်ထိန်းပေးခဲ့သည်။ တိုင်းတစ်ပါး၌ ဓားစာခံအဖြစ်နေပေးခဲ့သည်။ ၅ နှစ်အကြာ သူမ ပြန်လာတော့၊ အနောက်ဆောင်၌ သူမအတွက် နေရာ မရှိတော့ပေ။

သူ့ရင်ခွင်ထဲမှ မိန်းမလှလေးက ပြုံးကာပြောသည်။ "မမ... တိုင်းပြည်ကလည်း ငြိမ်သက်သွားပြီဆိုတော့ မမလည်း အနားယူသင့်ပါပြီ..."တဲ့။

သမီးဖြစ်သူက အသေဆိုးနှင့် သေဆုံးသွားခဲ့ရသည်။ သားဖြစ်သူ အိမ်ရှေ့မင်းက နန်းချခံရသည်။ တိုင်းပြည်အတွက် အသက်စွန့်ခံရသော ရှန်းမိသားစု၊ တစ်ဦးတစ်ယောက်မျှ မလွတ်မြောက်ခဲ့ရ။ မင်းဆက်တစ်ဆက်အတွင်း အရာအားလုံး ကမောက်ကမဖြစ်သွားခဲ့သည်။ သူမ မျိုးနွယ်စု ပျောက်ကွယ်၍ သူမက သားသမီးများအတွက် ပူဆွေးရခဲ့သည်။

ဇနီးမောင်နှံ အဖြစ်နှင့် ဘဝ၏အခက်အခဲ လောကဓံ အနိမ့်အမြင့် အတူ ခါးစည်းခံခဲ့သည်များ၊ တစ်ဦးကို တစ်ဦးဖေးမကူညီခဲ့သည်များမှာ သူ့အတွက်တော့ ရယ်စရာတစ်ခုသာ ဖြစ်နေခဲ့သည်ဟု ရှန်းမြောင် မထင်မိခဲ့။

သူ ပြောခဲ့သည်။ "ကျန်းကို မင်း နှစ်နှစ်ဆယ်လောက် ပါရမီဖြည့်ပေးခဲ့တာဆိုတော့... ကျန်း မင်း ရုပ်ကြွင်းကို မဖျက်စီးဘဲ အကောင်းတိုင်း ထားပေးမယ်... ဒီလောက်ညာတာပေးတာကိုပဲ ကျေးဇူးတင်သင့်တယ်..." တဲ့လေ။

သုံးချီသော ပိုးစဖြူ (တစ်ချီ = ၃ မီတာ) နှင့်၊ ရှမ်းမြောင် အငြိုးကြီးစွာ ကျိန်ဆိုခဲ့သည်။ အခွင့်အခါ ရပါလျင်... ငါသည် သူတို့အားလုံး၏ သေခြင်းကို ဆောင်ကျဉ်းလာသူ ဖြစ်စေသတည်း။

သူမ တဖန်ပြန်လည် ရှင်သန်ခဲ့သည်။ သူမ အသက်တစ်ဆယ့်လေးနှစ်အရွယ်သို့ ပြန်ရောက်ခဲ့သည်။ သူမ ဘဝ၏ ကံဆိုးမှုများ မကျရောက်မီ အချိန်ကလေး။ သူမ မိသားစုဝင်တို့ အသက်ရှိစဉ် အချိန်ကလေး။ ပြီးတော့ သူမကလည်း အလိမ်အညာခံရလွယ်သော ဖြူစင်ရိုးသားသော စစ်သူကြီးသမီး ဖြစ်နေဆဲ။

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now