(5)

455 30 0
                                    

ဆန့်ကျင်ဘက်

ငွေငါးသောင်းလောက်ပို့ပေးဖို့'မိုနာ'ဆီဖုန်းဆက်ရမည်။
စည်းရဲ့လက်ကိုင်ဖုန်းကရေတွေစိုပြီးသုံးမရတော့...
တည်းခိုဆောင်မှကြိုးဖုန်းဖြင့်ဆက်ရမည်။
လက်ကောက်ဝတ်ကနာရီကြည့်တော့နေ့လည်တစ်နာရီ။
ဒီအချိန်ဆိုမိုနာအလုပ်ခဏနားနေရလောက်ပြီပဲ။
ဖုန်းဆက်ပြီးတော့...
မိုနာကိုသူလက်ကိုင်အိတ်ပျောက်ရတဲ့အကြောင်းစုံပြောပြတော့သူမရယ်နေခဲ့သည်။

'စည်း...စိတ်ပေါ့ပါးနေတယ်မလား..စိတ်ဖိစီးမှုတွေအကုန်ပျောက်ကင်းမှပြန်လာခဲ့ပါ..ဒီဇိုင်းစာအုပ်ကြမ်းကိုချည်းမျက်နှာအပ်မထားနဲ့နော်..မနက်ဖြန်အမြန်ချောနဲ့ငွေပို့မယ်..စည်းပျော်ရွှင်စွာပြန်လာခဲ့ပါ'

ကမ်းခြေကကျောက်ဆောင်ပေါ်အေးအေးလူလူထိုင်နေရင်းစည်းက...
သူမပြောစကားလေးတွေပြန်ကြားယောင်နေသည်။

မိုနာဆိုတာ...သူ့ရဲ့တစ်ဦးတည်းသောငယ်သူငယ်ချင်းဖြစ်ပြီး သူ့ဦးလေးရဲ့ဆန္ဒနဲ့ဘဝလက်တွဲဖော်အဖြစ်လျာထားတဲ့မိန်းကလေးဖြစ်သည်။

မိုနာနဲ့သူကမူလတန်းကတည်းကခင်မင်ခဲ့ကြပြီး
ကလေးပိစိကတည်းကစားအတူ၊ သွားအတူ။
သိပ်စကားနည်းတတ်တဲ့သူနဲ့...
အေးဆေးတတ်တဲ့မိုနာတို့ရဲ့ဆက်ဆံရေးဟာအေးစက်သည်မမည်ပေမယ့်နွေးထွေးသည်လဲမရှိ။
သူ့ဘာသာနေကိုယ့်ဘာသာနေနဲ့ပဲပေါင်းသင်းဆက်ဆံလာခဲ့တာ အသက်နှစ်ဆယ်ကျော်လာတဲ့အထိ ရိုးသားစွာပဲခင်မင်ခဲ့ရသည်။

ဒါပေမယ့် အရွယ်ရောက်လာတဲ့အချိန်မှာတော့သူ့ဦးလေးနဲ့မိုနာ့မိဘများကတော်တော်ခင်မင်တာမို့...
မိုနာ့မိဘတွေကိုကမ်းလှမ်းကာဦးလေးကသူတို့နှစ်ဦးကိုစေ့စပ်ပေးခဲ့သည်။
ချစ်သည်မချစ်သည်ကိုမတွေးဖြစ်ခဲ့ပေမယ့် လှပသောမိုနာကိုသူမက်မောနေမိတာတော့ဝန်ခံပါ၏။
သူငယ်ချင်းကနေကြင်ယာဖက်ဖြစ်တာကိုလည်းအဆန်းလို့မထင်မိတဲ့အပြင်...
ရင်ထဲမှာအချစ်ရှိ၏မရှိ၏လည်းစည်း'ကစိတ်မဝင်စားနိုင်ခဲ့ပါဘဲ အခုထိသူတို့နှစ်ယောက်ကသူငယ်ချင်းအဆင့်ကနေစည်းမကျော်နိုင်ခဲ့။

စာကြိုးစားရမယ်၊ အလုပ်ကြိုးစားပြီးငွေစုရမယ်လို့ဦးလေးဆုံးမတဲ့အတိုင်းနာခံရင်း တသမတ်ထဲနဲ့နေလာရတဲ့ဘဝမှာအချစ်ရှိသလားလို့လဲမတွေးခဲ့ဖူးသလို၊ ရင်ခုန်စရာအချစ်ကိုလည်း ရှာမကြည့်ခဲ့ဖူးပါ။
စည်း...ဆိုတဲ့ထိုလူသားစိတ်ဝင်စားတတ်တဲ့အကြောင်းရာတွေမှာအချစ်ဆိုတာစာရင်းမဝင်ခဲ့ပါ။

ပင်လယ်နှစ်စင်းရဲ့ဆုံမှတ်ရာဇဝင် Where stories live. Discover now