(67)

291 12 4
                                    


သီချင်းသံတွေ...ရယ်မောသံတွေနဲ့လူတွေရှုပ်ယှက်ခတ်နေတဲ့ကြားထဲရောက်နေပေမယ့်...
သူကတော့ ကိုယ့်ကမ္ဘာနဲ့ကိုယ်။

အုပ်စိုးကသူ့အနားထိုင်နေကာ...ဘာတွေမှန်းမသိတာသောခွက်မျိုးစုံကိုယူယူလာပြီးရှေ့လာထားတော့လဲ...
ထိုင်ရာမှမထဘဲ မြင်မြင်သမျှ တွေ့ကရာမြိုချနေဖြစ်၏။
ဘယ်အရောင်ကဘာအရည်မှန်းမသိပေမယ့်...တစ်ခွက်ပြီးတစ်ခွက်...
ဂွပ်'ခနဲ....ဂလု'ခနဲ....မျိုချနေရင်း...
ရိုးတိုးရိပ်တိတ်ခေါင်းထဲမှာရီဝေနေရင်း....
လုံးဝပွင့်မလာသည့်ဖုန်းလေးတစ်လုံးကိုပဲအကြိမ်ကြိမ်ဆက်နေမိပြန်သည်။

မင်း...အခု ဘယ်လိုနေသေးလဲ.....ပင်လယ်...
သူ...အဆင်ပြေသွားမှာလို့တွေးနေပေမယ့်...စိတ်ပူနေတာကလျော့မသွားခဲ့။

ပြေးကပ်စရာကမ်းမဲ့နေတဲ့မျှော်လင့်ချက်တွေနဲ့.....
ငါချောင်ပိတ်မိနေပြီ...နေပင်လယ်...
ထွက်ပေါက်တွေမဲ့နေပြီ...
မင်း...ချန်ခဲ့တဲ့အလွမ်းတွေတနင့်တပိုးနဲ့...
ရုန်းလို့မရတဲ့နွံထဲမှာငါ...အင်အားတွေမဲ့ကုန်ပြီ။

ရှေ့မှာမြင်သမျှခွက်တွေကိုဆွဲယူသောက်နေတာ ခွက်အားလုံးအလွတ်တွေပဲကျန်တော့သည်။
မူးနေပြီဆိုပေမယ့်...အရမ်းတော့မဟုတ်သေးဘဲ လူလူသူသူသိနေသေး၏။

မိုနာကမှာထားခဲ့လို့အုပ်စိုးက စည်းကိုမသိမသာအကဲခတ်ရင်း ထိုင်စောင့်ပေးနေရသည်။

သောက်နေရင်းနဲ့ နဲနဲအိုက်လာတာကြောင့် ကုတ်အင်္ကျီကိုချွတ်ပြီးခုံနောက်ကလက်ရန်းမှာလွှားတင်ကာ...
လည်ပင်းဝကကြယ်သီးကိုဆွဲဖြုတ်ပြီးတော့တပါထဲနက်ခ်တိုင်ကြိုးလေးကိုပါဖြေချသည်။

ကြိုးလေးတစ်ဖက်ကိုဆွဲထားပြီး...ကြည့်နေရင်းနဲ့မှ...သူနက်ခ်တိုင်ချည်နေတာကိုဂရုတစိုက်ငေးမောရင်းမှင်သက်နေခဲ့တဲ့ ပင်လယ့် မျက်လုံးလေးနဲ့နှုတ်ခမ်းလေးတွေကိုသတိရမိပြန်ပြီ...

"ဟူး..."

ပြီးတော့ဆွဲဖြေချလိုက်တဲ့ နက်ခ်တိုင်ကိုပြန်ယူပြီးကြည့်နေရင်း... တခုခုကိုတိုးတိုးလေးပြောသည်။
နောက်ပြီး...သူ့လက်တွေကိုနက်ခ်တိုင်ကြိုးနဲ့ချည်လိုက်...ပြုံးနေလိုက်...မဲ့သွားလိုက်နဲ့...အလုပ်ကိုရှုပ်လို့...။

ပင်လယ်နှစ်စင်းရဲ့ဆုံမှတ်ရာဇဝင် Where stories live. Discover now