အိမ်ပြန်ချိန်
ပြန်ဖို့အတွက်သိမ်းဆည်းစရာများသိမ်းဆည်းကာခရီးဆောင်အိတ်ကိုပုခုံးပေါ်ချိတ်၍စည်း'အောက်ထပ်ဆင်းခဲ့သည်။
စည်းအိမ်ပြန်မယ့်အချိန်မတိုင်ခင်ပြန်လည်ပြင်ဆင်လို့ပြီးသွားသည့်ကားအဖြူလေးနှင့်ပင်လယ်ကရှေ့မှာစောင့်နေခဲ့သည်။'ရွှေရုပ်....တာ့တာနော်...နောက်ထပ်အားတဲ့အခါပြန်လာမယ်'
'တာ့တာ...ကိုကြီးစည်း...အလုပ်ထဲပျော်ပျော်ရွှင်ရွှင်နေနော်..'
'ဦးနောင်နောင်..ကျန်းမာရေးဂရုစိုက်ပါ'
'အေးကွာ...မင်းလဲအလုပ်ဖိစီးသိပ်မခံပါနဲ့'
လူကုန်နှုတ်ဆက်ပြီးတာနဲ့ကားနောက်ခန်းတံခါးကိုဖွင့်ပြီးခရီးဆောင်အိတ်ထည့်ကာလူကတော့ရှေ့ခန်းဝင်ထိုင်သည်။
ပင်လယ်ကကားစက်နိုးပြီးအဆင်သင့်စောင့်နေသည့်အတွက် သူတံခါးပိတ်တာနဲ့ကားကစထွက်နေပြီ။
ရွှေရုပ်တို့မြေးအဖိုးကလက်ပြကာကျန်ခဲ့သည်။တောင်ကုန်းလေးကိုကျော်ပြီး လမ်းကြားလေးကနေကားလမ်းမကြီးပေါ်ရောက်လာတဲ့အထိကားထဲနှစ်ယောက်စလုံးအတန်ကြာတိတ်ဆိတ်နေသည်။
'ပင်လယ်...မင်းရေပြန်ကူးဖို့အားတင်းပါ..မင်းတောက်ပနေတာထပ်တွေ့ချင်လို့..'
'အင်း..မင်းလည်းပေါ့ပေါ့ပါးပါးနေတတ်ဖို့ကြိုးစား...အလုပ်တွေကြောင့်စိတ်ဖိစီးသိပ်မခံပါနဲ့...'
ပြန်တော့မယ်၊ ဘိုင့်ဘိုင်'ဆိုတဲ့နှုတ်ဆက်စကားလုံးတွေအစား သတိပေးစကား၊ အားပေးစကားတွေကိုပဲပြောနေမိကာ...လေထုကြီးကအေးစက်စက်။
သူတို့နှစ်ယောက်ထပ်တွေ့ရဖို့မသေချာတော့ပြီလေ...။
ဆယ်ရက်ဆိုသည့်အချိန်သည်သူတို့နှစ်ဦးအတွက်တိုလွန်းခဲ့၏။
ခဏတာဆုံလာခဲ့ကြတယ်ဆိုပေမယ့် ဒါကိုအဆုံးမသတ်လိုက်ချင်တာ...ဘာ့ကြောင့်လဲ။
နောက်ဆုံးရေစက်ဖြစ်မနေဖို့ ကိုယ်စီတွေးနေမိကြပေမယ့် နှုတ်ဖျားကတော့တိတ်ဆိတ်နေခဲ့ကြပါသည်။အထုပ်ကိုဆွဲလို့ကျောခိုင်းပြီးဘူတာရုံထဲဝင်သွားခဲ့တဲ့စည်းရဲ့ကျောပြင်ကိုငေးကျန်ခဲ့တဲ့ပင်လယ့်ရင်ထဲမှာဒွိဟတွေများစွာနဲ့။
လမ်းခွဲရခြင်းကိုမနာကျင်ပေမယ့်ထပ်မတွေ့နိုင်မှာကိုတော့ပင်လယ်ခါးသီးစွာတွေးပူနေမိသည်။
သူတွေးနေသလို စည်း'သည်လည်းထပ်တူနာကျင်နေမည်လား...?
ESTÁS LEYENDO
ပင်လယ်နှစ်စင်းရဲ့ဆုံမှတ်ရာဇဝင်
FanficUnicode avaliable at the end. YiZhan Fanfic Bromance ထက်တော့နဲနဲပိုမယ်...သိပ်တော့ မ ro ဘူး... Boys Love ပေမယ့်ခပ်ကြမ်းကြမ်းတွေမထည့်ရေးထားဘူး....(အဲဒီအတွက်အရမ်း ship ချင်တဲ့သူတစ်ချို့ကိုတောင်းပန်ပါတယ်) မူရင်းဝတ္ထုကခေတ်ဟောင်းဝတ္ထုဖြစ်နေပြီး...ဘာသာပြန်တဲ...